Part 16

1.2K 195 20
                                    

(အပေါ်ကmediaကိုလည်းကြည့်ပေးကြဦးနော်)

Unicode



"မင်းအတွက်ဆို အသက်တောင်ပေးနိုင်တယ်လို့ပြောခဲ့ပြီး တကယ်တမ်းမှာကျ အတ္တတွေကြီးနေမိပြန်တယ်။
ကိုယ်က တကယ်မကောင်းတဲ့ကောင်ပဲ"














ဂျောင်ဝန်းတစ်ယောက် မနက်စာစားနေတုန်း ပုံမှန်ဆို အမြဲအနားမှာရှိနေတတ်သည့် Heeseung hyungက ဒီနေ့တော့ အနားမှာရှိမနေ။

သတိထားမိတော့ ဘာလို့များပါလိမ့်လို့ စဉ်းစားရင်း စားလက်စမနက်စာကို နောက်ဆုံးလက်စသတ်ကာ လက်ထဲကဇွန်းကိုချလိုက်သည့်အချိန်
နားထဲမှာ ကြားလိုက်ရသည့်အသံက ထူးဆန်းနေသည်။

နားကြားမှားတာလား?

ဂျောင်ဝန်းနားထဲမှာ ကြားရသည်က ခွေးဟောင်သံသေးသေးလေး။

နားကြားမှားတာလို့ ထင်ထားပေမဲ့ အသံကတစ်ဖြေးဖြေးနဲ့ ပိုနီးကပ်လာသလို။


အရင်ကJay hyungနဲ့ လူ့ပြည်မှာ နှစ်ယောက်အတူနေခဲ့တုန်းကတောင် ခြံဝန်းထဲကို ဘယ်တိရစ္ဆာန်မှခြေချခွင့်မရှိတာ။

အခုလို Devilတွေချည်းနေကြသည့် နေရာမှာဆို ခွေးသေးသေးလေးမပြောနဲ့ ပုရွတ်ဆိတ်တစ်ကောင်တောင်မရှိနိုင်။

ဒါကြောင့်မို့ အခုဂျောင်ဝန်းကြားနေရသည့် အသံကထူးဆန်းနေတာအမှန်။

နားစွင့်ရင်းနဲ့ နေရာမှထကာ အခန်းအပြင်ကိုထွက်လာခဲ့မိတော့ ဂျောင်ဝန်းနေရသည့် အဆောင်ရှေ့က မြက်ခင်းပြင်လိုနေရာမျိုးမှာ
တကယ်ပဲ အဖြူရောင်ခွေးသေးသေးလေးတစ်ကောင်။



အသံစူးစူးလေးနဲ့ ဟောင်ရင်း လှုပ်စိလှုပ်စိဟိုဒီပတ်ပြေးနေသည့် ခွေးလေးကိုမြင်တော့ ကိုယ့်ကိုယ်ကိုတောင် မသိလိုက်ပဲ အပြေးသွားမိသည်။

ခွေးလေးကတကယ့်သေးသေးလေး
အတော်ငယ်သေးပုံပေါက်ပေမဲ့ ကြာကြာမဖမ်းလိုက်ရ။
ဂျောင်ဝန်းကိုကြောက်မနေပဲ လွယ်လွယ်နဲ့ခင်သွားသည့် ခွေးပေါက်စလေး။


Crossroads|Jaywon ✅Onde histórias criam vida. Descubra agora