Part 13

1.2K 188 35
                                    

Unicode

"တစ်ယောက်နဲ့တစ်ယောက် ရူးမတတ်ချစ်နေကြရင် ဘာများစိတ်ပူစရာလိုဦးမှာလဲ?"






"ကျွန်တော့်ကိုပြန်ပို့ပေး!!!"

"ယန်းဂျောင်ဝန်း!"

ရုတ်တရက် သူ့ပုခုံးတွေကို ကိုင်ပြီး အော်လိုက်တဲ့အသံကြောင့် ဂျောင်ဝန်းအနည်းငယ်တုန်လှုပ်မိသွားသည်။

"ဒီနေရာကနေထွက်သွားဖို့ကလွဲရင် ကျန်တာအားလုံး မင်းလိုချင်တာဖြည့်ဆည်းပေးမှာမို့ ကျေးဇူးပြုပြီး ဒီတိုင်းလေးနေပေးလို့မရဘူးလား? ကိုယ် တောင်းဆိုတာပါ"

ဂျောင်ဝန်းနာမည်ကိုအော်လိုက်စဉ်က အသံကမာသယောင်ရှိပေမဲ့ တဖြည်းဖြည်းနူးညံ့ပျော့ပျောင်းလာသည့် လေသံ။

"ဘာမှမလိုချင်ဘူး ခင်ဗျားမျက်နှာကိုမြင်ရတာနဲ့တင် အရမ်းကျက်သရေယုတ်နေပြီ ထွက်သွား!"

ဂျောင်ဝန်းရဲ့စူးစူးဝါးဝါးစကားတွေအဆုံး Jayက သက်ပြင်းရှည်တစ်ခုချသည်။

ပြီးတော့ ဂျောင်ဝန်းပုခုံးကိုကိုင်ထားသည့်လက်တွေဖြေလျော့လိုက်ရင်း

"အင်း ဟုတ်ပါပြီ ကလေးက ကိုယ့်ကိုမမြင်ချင်ဘူးဆိုတော့လည်း သွားပေးပါ့မယ်။ အဲဒီအစား  အစားလေးတော့စားပြီး နားနေနော်။ Heeseungက အနားမှာနေပြီးစောင့်ရှောက်ပေးလိမ့်မယ်။ နေမကောင်းထပ်မဖြစ်နဲ့တော့နော် ငယ်"

ခပ်ဖွဖွအပြုံးတစ်ခုကို ဆင်မြန်းရင်း ဂျောင်ဝန်းရဲ့ဆံပင်လေးတွေကိုသပ်ပြီးပြောကာ ထွက်သွားသည့်Jayကို ဂျောင်ဝန်းဘာမှပြန်မပြောမိတော့။


သူတကယ်အားကုန်နေပြီ။

အစတည်းက မရှိသည့်အားတွေနဲ့ ပေါက်ကွဲလိုက်ရတော့ ခန္ဓာကိုယ်ကအရမ်းကိုနုံးချိပြီး ဘာကိုမှမခံစားနိုင်တော့သလို။

အသက်ရှူလို့မဝတာမို့ ပါးစပ်နဲ့ခပ်ဟဟဖွင့်ရှူရင်း အိပ်ရာပေါ်ပြန်လှဲချမိတော့ ခေါင်းအုံးပေါ်စီးကျလာသည့် မျက်ရည်ပေါက်တွေ။


တကယ်ပင်ပန်းနေပြီ။

ဘယ်ကစလိုစမှားနေခဲ့မှန်းမသိပေမဲ့ အရာအားလုံးလွဲနေမှန်း သိလိုက်ရသည့်အချိန်မှာတော့ လောကကြီးနှင့်ပက်သက်ပြီး သူတကယ်ခြေကုန်လက်ပမ်းကျနေခဲ့ပြီဖြစ်သည်။



Crossroads|Jaywon ✅Waar verhalen tot leven komen. Ontdek het nu