Part 14

1.3K 189 12
                                    

Unicode


"ကိုယ်တို့နှစ်ယောက် ဘယ်နေရာကစပြီး
မှားခဲ့ကြတာလဲ? ဒါမှမဟုတ် အစတည်းက စကိုမစခဲ့သင့်တာလား?"










"အဲ့တုန်းက သေအောင်သတ်ပစ်လိုက်တာကမှ ဟုတ်ဦးမယ်"

ဂျောင်ဝန်း စိတ်အနှောက်အယှက်မဖြစ်အောင်ဆိုပြီး ပေါ်တင်လာမတွေ့တော့ပဲ အမြဲ သူအိပ်နေမဲ့အချိန်၊ ဒါမှမဟုတ် နိုးနေရင်တောင် သတိမထားမိအောင် ခပ်လှမ်းလှမ်းကနေပဲ လာကြည့်နေခဲ့တာ ရက်အတော်ကြာရှိနေပြီဖြစ်သည်။

ဂျောင်ဝန်းနဲ့ပက်သက်သည့် အစစအရာရာကို Heeseungဆီသာအပ်ထားရသည်။

သူ့ကိုတော့ အနားအကပ်မခံသည့် ဒီကလေးငယ်က အခုမှ တွေ့ဖူးသည့် Heeseung ကိုတော့ ထင်သလောက် ပြင်းပြင်းထန်ထန်မတုံ့ပြန်။

ချစ်ရတဲ့သူအနားမှာ ကိုယ့်အစားတခြားတစ်ယောက်ရှိနေတာ သေချာပေါက် စိတ်ထဲ အဆင်မပြေနိုင်ပေမဲ့ အခုအခြေအနေက သူလည်းမတတ်နိုင်။ သူချစ်ရတဲ့သူက သူ့ကိုမုန်းနေတာကိုး။

ဒီလိုခပ်လှမ်းလှမ်းကနေ ကြည့်ခွင့်ရနေတာကိုပဲ ကျေးဇူးတင်လှပါပြီ။

ထပ်ပြီးအဆုံးရှုံးမခံချင်တာမို့ ဘယ်တော့ထွက်ပြေးသွားမလဲဆိုတဲ့ စိုးရိမ်မှုတွေနဲ့အတူ အစောင့်အရှောက်အကာအကွယ်တွေအများကြီးနဲ့ ပိတ်လှောင်ထားမိလို့ဆိုပြီး စိတ်မကောင်းဖြစ်ရပေမဲ့

ဒီလိုမှ မထားရင် ဘာတွေလျှောက်လုပ်ပစ်မလဲမသိနိုင်တဲ့ သူ့ကလေးငယ်ကြောင့် မတတ်သာပဲထားရသည်။

အမှန်တိုင်းပြောရရင် အဆုံးအရှုံးမခံနိုင်တော့သည့် သူ့အတ္တက အဓိက။

ဒီလိုအတင်းအကြပ်ခေါ်ထားလို့လည်း "ဂျောင်ဝန်းစိတ်က သူ့ဆီပြန်လည်လာမှာမှမဟုတ်တာ"လို့ ပြောရင်လည်း ခံရမှာသူသိသည်။

ဒါပေမဲ့ အခုချိန်မှာ ဒီကောင်လေးကို သူ့အနားရှိစေချင်တဲ့ စိတ်တစ်ခုပဲရှိတာမို့

ဒီလို အဓိပ္ပာယ်မရှိသည့်ရူးမိုက်မိုက်အလုပ်တွေအားလုံးကို ခေါင်းမာမာနဲ့ မျက်စိစုံမှိတ်ပြီးဆက်လုပ်နေမိတာ။







Crossroads|Jaywon ✅Where stories live. Discover now