Part 5

1.5K 215 32
                                    

Unicode

"နှလုံးသားဆိုတာ တစ်ခါဖွင့်မိရင် ဘယ်တော့မှ ပြန်မပိတ်တော့တဲ့ တံခါးတစ်ချပ်"







"အကို ကျွန်တော်တို့ဒီနေ့ဘာစားကြမှာလဲဟင်"

တစ်နေ့တစ်နေ့ မနက်မိုးလင်းတာနဲ့ စားဖို့အကြောင်းအရင်တွေးပြီး စားချင်တာတွေက တစ်ခုပြီးတစ်ခု ဦးနှောက်ထဲက မကုန်စတမ်းပေါ်လာတတ်သည့် ကလေးငယ်။

"ငယ်လေး ကိုယ့်ကိုတကယ်သဘောကျတာရောဟုတ်ရဲ့လား?"

"ဟင် ရုတ်တရက်ကြီးဘာလို့လဲ အကိုရာ"

"ကိုယ့်ထက် ကိုယ်လုပ်ကျွေးတဲ့စားစရာတွေကို ကြိုက်လို့များ ကိုယ့်ကိုအမိဖမ်းထားတာလားလို့"

နောက်တောက်တောက်သူ့အပြောကို ကောင်လေးက မကြည်သလိုမျက်စောင်းလေးနှင့် ပြန်ကြည့်လာသည်။

"အကိုက ကျွန်တော့်အချစ်ကို အဲ့လောက်တောင်မယုံဘူးပေါ့"

စလိုက်သည်ကို တကယ်စိတ်ကောက်သွားတော့မည့် သူ့ကလေးလေးကိုကြည့်ရင်း Jay အားရပါးရ ရယ်လိုက်မိသည်။

ဟိုဘက်လှည့်သွားသည့် ခန္ဓာကိုယ်သေးသေးလေးကို ဆွဲယူကာ သူ့ပေါင်ပေါ်တင်လိုက်တော့ အလွယ်တကူပါလာသည့် ကောင်လေး။

"နောက်တာပါ ငယ်လေးရယ်။ တကယ်လို့ ခုနကပြောသလို ကိုယ့်ကိုတကယ်သဘောမကျဘူးဆိုရင်တောင် ကိုယ့်ကပြဿနာမရှိဘူး။ အရေးကြီးတာ ငယ်လေး ကိုယ့်နားမှာရှိနေဖို့ပဲ"

​သူ့ကိုမျက်နှာချင်းမဆိုင်ပဲနောက်ကျောပေးကာ ခေါင်းလေးစောင်းထားသည့် ကလေးငယ်ရဲ့ ခါးကို ခပ်ဖွဖွဖက်ရင်း လည်ပင်းလေးပေါ် ခေါင်းတင်ပြီးပြောမိတော့

"ကျွန်တော်က အကို့ကို ဘာလို့သဘောမကျရမှာလဲလို့။ အများကြီးသဘောကျပါတယ်ဆိုနေ"

ပါးစပ်ကနေသာ သဘောကျပါတယ်ပြောနေပေမဲ့ နှုတ်ခမ်းတဆူဆူ မျက်စောင်းတထိုးထိုးနှင့် စိတ်ကောက်နေသေးသည့် ကလေးငယ်ကြောင့် တကယ်အသည်းယားရပါသည်။

"အဲ့တာဆို ကိုယ့်ကိုကြည့်။ စိတ်မကောက်နဲ့တော့"

"ကောက်တယ်ဘာဖြစ်လဲ"

Crossroads|Jaywon ✅Where stories live. Discover now