အပိုင်း ၃

10K 1.1K 58
                                    

အချိန်ကာလတို့သည် တရွေ့ရွေ့ကုန်ဆုံးလာခဲ့သည်။ မင်းရာဇာ၏ ရက်စက်မှုနှင့် မင်းနောင်၏ အပျော်အပါးမက်မှုတို့သည်လည်း ပြည်သူပြည်သားများကြား ထင်ရှားနေဆဲဖြစ်သော်လည်း တိုင်းပြည်နှစ်ခုကြား အထိအခိုက်မရှိခဲ့ကြ။ စစ်မက်မလိုလားသော ဘုရင်မင်းနှစ်ပါး၏ အားထုတ်မှု အသီးအပွင့်များကို အချိန်ကြာလာသည်နှင့်အမျှ မြင်တွေ့ရသည်။

ယခင်က အဆက်အဆံလုံးဝမရှိခဲ့သော တိုင်းပြည်နှစ်ခုကြား ရင်းနှီးမှုအချို့ တည်ဆောက်နိုင်ခဲ့ကြသည်။ သံတမန်များ တံစိုးလက်ဆောင်များ အပြန်အလှန် ပေးပို့ခဲ့ကြသည်။ ထို့အတွက် အထူးတာဝန်ယူပေးခဲ့ကြသူများက နတ်သားဒေဝနှင့် ရေနဂါးမင်းကြီး၏ မိဖုရားကြီးကိုယ်တိုင်ဖြစ်သောကြောင့် တစ်နှစ်ထက်တစ်နှစ် နှစ်ပြည်ထောင်ကြား ဆက်ဆံရေး ပိုကောင်းလာခဲ့သည်။ အနာဂတ်ငြိမ်းချမ်းရေး အစီအစဥ်များသည်လည်း တစ်နေ့ထက်တစ်နေ့ ပုံပေါ်လာခဲ့ပြီဖြစ်သည်။

ယနေ့သည် တိုင်းပြည်နှစ်ခု၏ ရင်းနှီးဆက်ဆံရေးအတွက် အထူးခြားဆုံး နေ့ရက်တစ်ရက်ပင်။ သံတမန်များနှင့်သာ အဆက်အဆံရှိခဲ့ရာမှာ မင်းနှစ်ပါးတို့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် ဆုံကြမည်။

ရေနဂါးတို့ နေထိုင်ရာ ကျွန်းဆွယ်ကြီး၏ သောင်ပြင်ကမ်းစပ်တွင် ရေနဂါးမင်းကြီးနှင့် မင်းသားငယ်တို့ ရပ်တန့်နေသည်။ နတ်၊ နဂါးတို့၏ သက်တမ်းသည် လူ့သက်တမ်းထက် နှစ်ထောင်ပေါင်းများစွာပိုသည်။ ရေနဂါးမင်းကြီးသည် အသက်အရွယ် ထောင်ချီနေပြီဖြစ်သော်လည်း အိုမင်းခြင်း အရိပ်အယောင်မရှိသေး။ အတွေ့အကြုံနှင့် ဥာဏ်ပညာကြီးမြတ်ခြင်းတို့ ရောယှက်သော အသွင်အပြင်သည် နှစ်လိုဖွယ်ရာ။ ဘေးတွင်ယှဥ်ရပ်နေသော နဂါးမင်းသားငယ်မှာမူ တင်းမာစွာ မာထန်နေသည်။

"သားရာဇာ.. မင်း စိတ်ကိုထိန်းစမ်း"

မင်းရာဇာသည် ကန်ရေပြင်ထက်တွင် လျှောတိုက်ပြေးလာနေသော လောင်းလှေသို့သာ စူးစိုက်ကြည့်နေသည်။ ရွှေရောင်ဝင်းဝင်းလဲ့သော လောင်းလှေငယ်သည် လှော်ခတ်သူမပါပါဘဲနှင့် အရှိန်သင့် သူတို့နှစ်ဦးရှိရာ တည့်မတ်စွာ လာနေခြင်းဖြစ်သည်။ လှေပေါ်တွင် လိုက်ပါလာသည့် ပုံရိပ်သဏ္ဌာန်များသည် မသဲကွဲသေး။

ဖူးစာယှဥ်Where stories live. Discover now