အပိုင်း ၂၂

4.6K 672 116
                                    

ရေတံခွန်ငယ်မှ ရေကျသံသည် သာယာနာပျော်ဖွယ် ထွက်ပေါ်နေသည်။ ငှက်ငယ်များ၏ မြည်ကျွေးသံများသည်လည်း ယိမ်းထိုးနေသော သစ်ကိုင်းခတ်သံကြား နားထောင့်ချင့်စဖွယ် ကြားနေရသည်။ ကြည်လင်သော ရေကန်ငယ်ထဲမှာတော့ ငါးသားပေါက်လေးများ ကူးခတ်ပျော်ရွှင်နေကြသည်။

ကန်ရေပြင်တစ်ပတ် နေရာအနှံ့လိုက်ကြည့်ပြီးသည့်တိုင် မင်းနောင် စိတ်မချနိုင်။ တစ်ကြိမ်တစ်ခါက မြင်ခဲ့ရသည့် နတ်မိစ္ဆာ၏အငွေ့အသက်တို့ရှိမနေသော်လည်း အချိန်ရလျှင် ရသလို လာရောက်စုံစမ်းနေသည်မှာ တာဝန်တစ်ခုဖြစ်၍နေပြီ။

"အစ်ကိုရာ.. ထိုင်စမ်းပါ.."

ကန်စပ်နားမှ နန္ဒသည် စိတ်မရှည်နိုင်တော့။

သူ့ရှေ့တွင်ရှိနေသော ကြိမ်ခြင်းတောင်းကြီးထဲတွင် ခရမ်းချဥ်သီးနီများနှင့် ပြည့်နေသည်။ နီနီရဲရဲ ခရမ်းချဥ်သီးများမှာ ခူးပြီးစဖြစ်၍ မြေကြီးများနှင့်ပေကျံနေသည်။ ထိုခရမ်းချဥ်သီးများကို ရေစင်အောင်ဆေးဖို့ရန် ဒီနေရာသို့ သူတို့ရောက်နေကြခြင်းသာ။

ခတ္တာ၏စိုက်ခင်းသည် အောင်မြင်စွာ ဖြစ်ထွန်းနေသည်။ ခရမ်းချဥ်သီး၊ ခရမ်းသီး၊ ပြောင်းဖူး၊ အာလူးများသာမက အခြားအခြားသော ဟင်းသီးဟင်းရွက်များပါ ရနိုင်ပြီဖြစ်သည်။ ခရမ်းချဥ်သီးများသည် တစ်ခါသီးလျှင် အများအပြားဖြစ်သောကြောင့် စားမကုန်နိုင်။ အထားမခံဘဲ လျှင်မြန်စွာပုပ်သိုးသွားနိုင်၍ အနှစ်ပြုလုပ်ပြီး ရေရှည်သိမ်းထားရန်ဖြစ်သည်။

ရေစင်အောင်ဆေးပြီးသည့် ခရမ်းချဥ်သီးများကို အညှာနားဖြတ်ကာ ပွက်ပွက်ဆူသော ရေနွေးအိုးကြီးထဲ ထည့်ကြရမည်။ အခွံကွာသွားချိန် ရေအေးထဲချက်ချင်းပြောင်းထည့်ကာ အအေးခံပြီး အခွံနွှာကြမည်။ ထိုကမှ အစေ့မပါဘဲ အနှစ်ထုတ်သိမ်းဆည်းထားဖို့အတွက် ကြိတ်ရန်ကတော့ ခတ္တာ၏တာဝန်။ ထိုနည်းလမ်းဖြင့် လပေါင်းများစွာ ကြာရှည်သုံးနိုင်မည့် ခရမ်းချဥ်သီးအနှစ်များ ရရှိနိုင်လိမ့်မည်။

မင်းနောင်ကိုခေါ်၍မရ၍ နန္ဒတစ်ကိုယ်တည်း ကြိမ်ခြင်းတောင်းကြီးကို ရေထဲရွှေ့ဖို့လုပ်သည်။ သို့သော် တစ်လက်မလောက်သာ တရွတ်တိုက်ဆွဲနိုင်လိုက်၍ မျက်နှာမဲ့သွားသည်။

ဖူးစာယှဥ်Where stories live. Discover now