အပိုင်း ၇

6K 849 41
                                    

တဲအိမ်လေးသည် မလုံခြုံသော်လည်း ချစ်စရာကောင်းသည်။ ကြီးမားသော သစ်ပင်မြင့်ကြီး၏ သစ်ခေါင်းကြီးအတွင်း မှီငြမ်းဆောက်လုပ်ထားခြင်း ဖြစ်သောကြောင့် ဘေးနှင့်နောက်နံရံများတွင် သစ်ပင်ကြီး၏ ပင်စည်အတိုင်းရှိနေသည်။ ထိုအိမ်လေးအား လှပသော တောပန်းချုံငယ်များနှင့်​ ဝန်းရံထားသည်။ ခြံဘေး မြေကွက်လပ်တွင်တော့ ခရမ်း၊ မုန်လာ၊ ငရုတ်ပင်တန်းများကို စားချင့်စဖွယ် မြင်ရပြန်သည်။

စိုက်ခင်းထဲတွင် ပေါင်းသင်မြက်နှုတ်နေသော မိန်းမပျိုတစ်ယောက်။ မည်းနက်မှောင်သော ဆံပင်ထူကြီးကို ကျစ်ဆံမြီးကျစ်ထားကာ ဘေးတစောင်းကျနေသည်။ သွယ်လျသော ကိုယ်ခန္ဓာနှင့် လိုက်ဖက်စွာ နူးညံ့ချောမောနေသော အသွင်ပုံစံသည် သူမရှိနေရာ စိုက်ခင်းနှင့် လုံးဝမသက်ဆိုင်သလိုပင်။ ခြေသံများကြောင့် နောက်လှည့်ကြည့်ပြီးချိန်မှာ မျက်လုံးများ ဝိုင်းစက်သွားသည်။ ရှေ့သို့ ခြေလှမ်းသုံးလေးလှမ်း အမြန်တိုးလာသော်လည်း မယုံရဲသလို ရပ်သွားသည်။

"နန္ဒ.. ဘာဖြစ်လဲ"

"သတိလစ်သွားတာ.."

နန္ဒကို ပွေ့ချီထားသော သူသည် တိုတုတ်တုတ်ပင် ဖြေသည်။ လူတစ်ယောက်လုံးကိုပွေ့ချီထားသော်လည်း ပင်ပန်းဟန်လုံးလုံးမရှိ။ ရှုပ်ပွပွ ဆံပင်နက်များကြား သစ်ရွက်ခြောက်တွေ မြက်ခြောက်တွေ ရောနေသည်။ ဖရိုဖရဲ အဝတ်အစားများကြားကြောင့် ကြံ့ခိုင်သော ရင်ဘတ်ကျယ်ကို မြင်နေရသည်။ နှာတံအောက်မှ နှုတ်ခမ်းလှများသည် မကျေနပ်စွာ မဲ့နေသည်။ နောက်ထပ် လူသားအမျိုးသမီးငယ်တစ်ဦးကို မြင်ရသည်ကို အံ့သြစိတ်ပျက်သလို မျက်မှောင်ကုတ်ထားသည်။

"ရှင်.. ဘယ်သူလဲ"

"ကျုပ် ဘယ်သူလဲက အရေးမကြီးဘူး အမိ.. ဒီကောင့်ကို ဘယ်နားထားခဲ့ရမလဲ"

အမျိုးသမီးငယ်သည် မျက်နှာပျက်သွားသော်လည်း မည်သို့မျှ ခွန်းတုန့်ပြန်မနေတော့။ အိမ်ဘေးနားရှိ ကွပ်ပျစ်နေရာသို့ ဦးဆောင်ခေါ်သွားခဲ့သည်။ ဝါးဆစ်ရေခွက်ဖြင့် အမြန်ရေခပ်လာကာ ရေစိုဝတ်နှင့် နန္ဒ နဖူးပြင်ကို ဖိတို့သည်။ လှုပ်လှုပ်ရှားရှားရှိနေသော နန္ဒသည် မျက်လုံးများကို မဖွင့်သေး။ ဖြူနုသော အသားအရေကြောင့် သွေးရောင်သန်းလာသည်ကို မြင်နေရသည်။

ဖူးစာယှဥ်Where stories live. Discover now