🍩1🍩 { Z & U }

1.4K 66 4
                                    

တီ တီ တီ

တတီတီ မြည်နေတဲ့ နာရီနှိုးစက်သံကို လျစ်လျူရှုကာ ၀မ်ကျိုးချန် တစ်ဖက်သို့ လှည့်အိပ်လိုက်သည်။

- ကျိုးချန် အခုထိ မထသေးဘူးလား။ ရထားခိနျြ ​နောက်ကျမယ်။

အောက်ထပ်က လှမ်းအော်နေတဲ့ အစ်ကိုဖြစ်သူ ၀မ်ချန်ရီ အသံကိုလည်း မကြား!! စိတ်မရှည်တော့တဲ့ ၀မ်ချန်ရီ ကဘဲ အပေါ်ထပ်ထိ တတ်လာကာ နှိုးရသည်။

- ကျိုးချန် ကျိုးချန် ထတော့

- အာ ကောရာ အစောကြီး ရှိသေးတယ်။

- ဘာအစောကြီးလဲ။ နေကဖြင့် မင်းဖင်ထဲဝင်နေပြီ။ ဒီပုံစံနဲ့ မင်း ကွမ်ကျိုး မှာ ကျောင်းသွားတတ်ရင် ငါ ဘယ်လို စိတ်ချရမှာလဲ။ ဟျောင့် ထတော့လို့ ရထားချိန်မမှီဘဲ နေမယ်။

- ရထား!

အဲ့တော့မှ စောင်ခြုံထဲကနေ အလူးအလဲ ထကာ ငုတ်တုတ် ထထိုင်ပြီး

- ကော ဘယ်အချိန် ရှိနေပြီလဲ။

- ၈ နာရီ ထိုးတော့မယ်။

- အား သေပြီ သေပြီ။

တစ်ယောက်ထဲ ယောက်ယက်ခတ်၊ ရှုပ်ရှက်ခတ်နေသော ညီဖြစ်သူကို ကြည့်ကာ ၀မ်ချန်ရီ ခေါင်းခါလိုက်သည်။ ဟိုမှာက အဆောင်မရသေးလို့ အဒေါ်ဆီမှာ ခနနေရအုံးမယ်။ သူလို အချိုး ပုံစံမျိုးနဲ့ဆို အဒေါ်အပျိုကြီး ရဲ့ ပျစ်တောက် ပျစ်တောက် ပြောတာကို ခံရမှာ...

- အထဲက ကိုယ်တော်ချော မြန်မြန်လုပ်

- ပြီးပြီး ကော ရ ။

တွေ့ရာ စပို့ရှပ်တစ်ထည်ရယ် ဘောင်းဘီ အပွကြီး တစ်ထည်ရယ်ကို ကောက်စွတ်လိုက်သည်။ ဒါဟာ ၀မ်ကျိုးချန် ရဲ့ Fashion !!

မမြင်ဖူးရင်ကြည့်ထား ****ရွာလေးရဲ့ ထူးချွန်ကျောင်းသား! ကွမ်ကျိုးက နည်းပညာတက္ကသိုလ်ရဲ့စကောလားရှစ် ကို ရထားတဲ့ ကျောင်းသားတဲ့။ မသိတဲ့ လူဆို ကျောင်းသားလို့ မထင်ဘဲ သူတောင်းစားလို့ ထင်မှာ!

မနက်စာ စားတော့လည်း လူလိုသူလို မစားပဲ ပလုတ်ပလောင်းစားလို့ တားရသေး။ အငတ်တိုင်းပြည်က လာတာ ကြနေတာဘဲ။ ဟင်း ရင်လေးတယ် ရင်လေးတယ်။ ဒီကောင်လေး ဟိုမှာ အဆင်မှ ပြေပါ့မလား။

ချစ်ဉီးပုံပြင် - S2 / ချစ်ဦးပုံပြင် - S2 {Z & U} [ Completed]Where stories live. Discover now