🍩6🍩 {Z & U }

446 57 3
                                    

ဟိုက်ခွမ်း - ပါး ကျွန်တော်ပြန်တော့မယ်။

- အင်း ကားကို ဂရုစိုက်မောင်းသွား။

ဟိုက်ခွမ်း ခေါင်းသာငြိမ့်ပြလိုက်ပြီး လျှိုအိမ်တော်မှ ထွက်လာလိုက်သည်။ ဘာပြဿနာ ဆိုတာ သိချင်စိတ်လည်း မရှိဘူး။ အဆောင်မြန်မြန်ပြန်မှ ဖြစ်မယ်။ ကျိုးချန် ကို တွေ့ချင်နေပြီရယ်။

အဆောင်ရောက်တော့ အဆောင်မှူး နဲ့ အမျိုးသမီး တစ်ယောက်ကို အခန်းရှေ့မှာ တွေ့လိုက်ရသည်။

ဟိုက်ခွမ်း - ဆရာမ!

- အော် ဟိုက်ခွမ်း! ပြန်လာပြီလား။

ဟိုက်ခွမ်း - ဟုတ် ကိစ္စရှိလို့လား။

- အင်း သူက ကျိုးချန် ရဲ့ အစ်မလေ။ ကျိုးချန် နေမကောင်းလို့ သူ့အိမ်ခနခေါ်သွားတယ်။ အဲ့တာ ကျိုးချန် ရဲ့ ပစ္စည်းလေး နည်းနည်း ပြန်လာယူတာ။

ဟိုက်ခွမ်း - အော်!

ကျိုးချန် နေမကောင်းဘူးဆိုတာကြောင့် စိတ်ထဲ ၀မ်းနည်းသွားရသည်။ ဒီက သူ့ကို လွမ်းလွန်းလို့ တွေ့ချင်လွန်းလို့မှ အမြန်ပြန်လာပါတယ်ဆို!!

- ယွင်အာ သူက တို့ကျောင်းက ကျောင်းသားသမဂ္ဂရဲ့ ဥက္ကဋ္ဌ လျှိုဟိုက်ခွမ်းတဲ့။

ယွင်အာ - တွေ့ရတာ ၀မ်းသာပါတယ်။

ဟိုက်ခွမ်း - ဟုတ်ကဲ့ ကျွန်တော်လည်း တွေ့ရတာ ၀မ်းသာပါတယ်။ ဟို ပစ္စည်းက ယူပြီးပြီလားဗျ။

ယွင်အာ - မယူရသေးဘူး မောင်လေး။ အခုမှ အစ်မတို့ ရောက်တာမို့။

ဟိုက်ခွမ်း - ခနနော် ကျွန်တော် တံခါးဖွင့်ပေးမယ်။

အဆောင်တံခါးဖွင့်လိုက်တော့ အခန်းထဲမှာ အားလုံးရောက်နေကြသည်။

ရှောင်းကျန့် - ပြန်လာပြီလား ခွမ်းကော

ဟိုက်ခွမ်း - အင်း အစ်မ နဲ့ အဆောင်မှူး အထဲဝင်လာလေ။

အဲ့တော့မှ အနောက် ကနေ ပါလာတဲ့ လူ၂ယောက်ကို သတိထားမိသည်။

ယွင်အာ - အေးအေးဆေးဆေး နေကြပါ။ အစ်မ က ကျိုးကျိုး ပစ္စည်းလေးတွေဘဲ လာယူတာပါ။

ဟိုက်ခွမ်း - အစ်မ ဟိုဘက်က ကျိုးချန် အိပ်ယာ

ယွင်အာ - အင်း! ငါ့ကို ကူပေးအုံး။

ချစ်ဉီးပုံပြင် - S2 / ချစ်ဦးပုံပြင် - S2 {Z & U} [ Completed]Unde poveștirile trăiesc. Descoperă acum