🍩13🍩 {Z & U}

347 36 3
                                    

ချန်ရီ - ဘယ်လိုဖြစ်တာလဲ ကျိုးကျိုး။ ဒီလအတွင်းကို ဆေးရုံတတ်နေတာ ဘယ်နှစ်ခါ ရှိပြီလဲ။ ကိုယ့်ကို ဂရုစိုက်ပါအုံး။ ကော မှာ ညီလေး တစ်ယောက်ဘဲ ရှိတော့တာကို။

ကျိုးချန် - တောင်းပန်ပါတယ် ကော။ ကျွန်တော် စိတ်ခံစားချက်ကို မထိန်းနိုင်ဘူး ဖြစ်သွားတာ။

ချန်ရီ - အဲ့လို ခနခန ဖြစ်! နှလုံးအစားထိုးလို့ မရဘဲ ဖြစ်သွားမယ်။ အဲ့ကျမှ မင်း ဉီး နဲ့ ဒီဘ၀လည်း သေကွဲကွဲမှာ။

ကျိုးချန် - ဖက် ဖက် ဖက် ကောနော်။

မျက်နှာကြီးစူပုတ်နေတဲ့ ညီဖြစ်သူရဲ့ ခေါင်းလေးကို ပုတ်ပေးလိုက်ပြီး

ချန်ရီ - ခနနေ တီလေး လာလိမ့်မယ်။ တီလေး နဲ့လည်း ရန်မဖြစ်နဲ့။ ကော အစည်းအဝေးရှိလို့ သွားလိုက်အုံးမယ်။

ကျိုးချန် - ဟုတ်ကဲ့ ကော။

အစ်ကိုဖြစ်သူ ထွက်သွားတော့မှ ဆေးရုံကုတင်ပေါ်က ဆင်းပြီး ဆိုဖာခုံမှာ ၀င်ထိုင်လိုက်သည်။ စားပွဲခုံပေါ်မှာ တင်ထားတဲ့ ဖုန်းလေးကို ယူလိုက် ပြန်ချလိုက်နဲ့ ဗျာများနေတဲ့ ကျိုးချန်!

ကျိုးချန် - ဟူး စိတ်ပင်ပန်းလိုက်တာကွာ။

နှလုံးရောဂါဆိုတာကြီး မရှိရင် အခုချိန် ဉီး နဲ့ ပျော်ရွှင်ရပြီ။ အတိတ်ဘ၀က ဉီး ကို သူ့မိသားစု နဲ့ ခွဲခဲ့လို့ ဘုရားက ဒဏ်ခတ်တာလား။ ဉီး ရေ ခင်ဗျား ကို ချစ်ရတာ ကျွန်တော် အရမ်း ပင်ပန်းတယ်။ ဒါပေမယ့်လည်း မချစ်ဘဲ မနေနိုင်ဘူး။

ယွီပင်း - သက်ပြင်းတွေ အချများပြီး သေသွားအုံးမယ်။

ကျိုးချန် - မင်း အဆောင်မှာမနေဘူးပေါ့။

ယွီပင်း - မနေဘူး။ တိုက်ခန်းမှာ နေနေတာ အခု။  နေရထိုင်ရ အဆင်ပြေလား။

ကျိုးချန် - ပြေတယ်။ ယွီပင်း ငါ ဉီး အသံလေးဖြစ်ဖြစ် ကြားချင်တယ်။

ယွီပင်း - ကြားချင်ရင် ဖုန်းဆက်လိုက်ပေါ့။

ကျိုးချန် - မဆက်ရဲလို့ဟ! ငါ ၀န်ခံလိုက်ရမလား။

ယွီပင်း - အကောင်းဆုံးဘဲ။

ကျိုးချန် - အခုမှ ၀န်ခံလိုက်ရင် ဉီး က ယုံကြည်မှာလား။

ချစ်ဉီးပုံပြင် - S2 / ချစ်ဦးပုံပြင် - S2 {Z & U} [ Completed]Where stories live. Discover now