🍩31🍩 😘Ending😘 { Z & U }

628 39 0
                                    

အားလုံး ညစာစားပြီးနောက် မြက်ခင်းပြင်မှာ စုထိုင်ကြရင်း

ဘိုဝမ် - ကဲ ပြောစမ်းပါအုံး မင်းတို့ နှစ်ယောက် ဘယ်ကနေ ဘယ်လို ဒီရောက်လာကြတာလဲ။

ဟောက်ရွှမ်း - ငါရဲ့ အဖေရင်းက ကျိုးသခင်ကြီး ဆိုတာ သိပြီးနောက် ငါ ကျိုးချန် တို့ကို မျက်နှာချင်းမဆိုင်ရဲခဲ့ဘူး။ ဒါကြောင့် ငါ ကွမ်းကျိုးကနေ ထွက်သွားဖို့ လုပ်တော့ ကျိရန် ကပါ လိုက်မယ်ဆိုတာကြောင့် ငါတို့ ဒီမြို့မှာ ရှောင်ပုန်းနေခဲ့တာ။

ကျိုးချန် - ငါတို့ကို မျက်နှာချင်းမဆိုင်ရဲရအောင် ငါတို့က မင်းကို ဘာပြောမှာ မို့လို့လဲ။

မျက်စောင်းထိုးကာ ပြောလာသော ကျိုးချန်! ဟောက်ရွှမ်း ရီကာ မယားတဲ့ လည်ပင်းကို လက်နဲ့ ပွတ်နေလိုက်သည်။

ရီပေါ် - မင်းတို့က အိမ်ကနေလည်း ထွက်သွားတယ်။ ငွေတွေလည်း မယူဘူးဆိုတော့ ဒီအခြေအနေထိ ဘယ်လိုရောက်လာတာလဲ။

ကျိရန် - အဟမ်း ဒါက ဟောက်ရွှမ်း ရဲ့ ကြိုးစားမှုကြောင့်လေ။ ရွာမှာ လိုက်ပြီး အပင်စိုက်ခဲ့တဲ့ အကျိုးကြောင့် သူများမြေကို ငှားပြီး ပန်းစိုက်ခဲ့တာမို့ အခုလို အောင်မြင်ခဲ့တာ။

ဟောက်ရွှမ်း - ငါတို့ခြံက ပန်းတွေက အရမ်းအရည်အသွေးကောင်းတာ။ ဘေကျင်းက လူတွေပါ ဒီကိုဆင်းလာပြီး လာဝယ်ရတဲ့ အထိ။

ရှောင်းကျန့် - မင်း တို့က ဘာပန်းတွေ စိုက်တာလဲ။

ကျိရန် - လီလီ၊ ကျူးလစ်၊ သစ်ခွပန်းအစုံ၊ နှင်းဆီ အမျိုးအစားတွေ အများကြီးပဲ

ဟိုက်ခွမ်း - မင်္ဂလာဆောင်မှာ လူကြီးတွေရော ဖိတ်ထားလား။

ဟောက်ရွှမ်း - မဖိတ်ဘူး။ ငါတို့ ဒီမှာပဲ အခြေချတော့မှာ။

ကျိုးချန် - ပါး နေမကောင်းဘူး။ မင်းပြန်လာခဲ့ပေးလို့ မရဘူးလား။ ပါး ကို ငါတို့ ညီအစ်ကို နှစ်ယောက်ကလည်း မုန်းနေသလို မင်းကပါ မုန်းနေရင် ပါးအတွက် မတရား သလိုဘဲ။

ဟောက်ရွှမ်း - ....

ကျိုးချန် - ငါတို့ ညီအစ်ကို နှစ်ယောက်က သူမချစ်မနှစ်သော သူနဲ့ ရလာတဲ့ သူတွေမို့ ငါတို့ကို သူမချစ်ဘူး။ မင်း အမေ ကသာ သူရဲ့ အချစ်ဉီး ရော အချစ်ဆုံးရော ဖြစ်ခဲ့တာ။ ဟောက်ရွှမ်း  မင်း အိမ်ပြန်ပြီး ပါးရဲ့ အလုပ်တွေကို ဉီးစီးပြီး ပါးကို ငါတို့ အစား ဂရုစိုက်ပေးပါ။

🎉 You've finished reading ချစ်ဉီးပုံပြင် - S2 / ခဈြဦးပုံပွငျ - S2 {Z & U} [ Completed] 🎉
ချစ်ဉီးပုံပြင် - S2 / ချစ်ဦးပုံပြင် - S2 {Z & U} [ Completed]Where stories live. Discover now