🍩22🍩{ Z & U }

280 32 0
                                    

ကျိုးချန် - ကိုကိုရေ မနက်စာစားမယ်။

စာမေးပွဲ ပြီးပြီ နောက်ရက်မှာ ကျိုးချန် နဲ့ ဟိုက်ခွမ်း ရွာကိုပြန်ခဲ့ကြသည်။ ကျောင်းပိတ်တဲ့ ၁လအတွင်းလေးမှာ တတ်နိုင်သလောက်လေး ရွာအကျိုးကို သယ်ပိုးနေကြတဲ့ မြို့သားလေး နှစ်ယောက်!

အခုလည်း ရွာကျောင်းလေးကို မသွားခင် မနက်စာ စားဖို့ အတွက် ခြံထဲမှာ ပန်းပင်ရေလောင်းနေသူ ကို လှမ်းခေါ်ရသေး။

အိမ်ထဲက ချစ်ရသူလေး လှမ်းခေါ်နေပြီမို့ ရေပန်းခရားကို ပစ်ချကာ အိမ်ထဲပြေးဝင်လာလိုက်သည်။ အိမ်ထဲရောက်ရောက်ချင်း နှာခေါင်းထဲ တိုးဝင်လာတဲ့ ရနံ့လေးကြောင့်

ဟိုက်ခွမ်း - မွှေးနေတာပဲ။ ဘာလုပ်ထားတာလဲ ပူတူးလေး

ကျိုးချန် - ကန်စွန်းဥပူတင်း လုပ်ထားတာ။ နေ့လည် အဆာပြေစားဖို့။ အခုမနက်ခင်းစာကတော့ ထမင်းနဲ့ ၀က်သားနှပ်။ ရွာချက်နည်း ချက်ထားတာ။

ဟိုက်ခွမ်း - ကိုယ်လည်း ရွာကို ရောက်လာမှ တောစာတွေ ကြိုက်နေပြီ။

ကျိုးချန် - လာ မနက်စာစားရအောင်။ ကျောင်း သွားရအုံးမယ်။

ဟိုက်ခွမ်း - ဟုတ်ကဲ့ပါဗျာ

နှစ်ယောက်သား မနက်စာ စားပြီး ရွာကျောင်းကို ထွက်လာလိုက်သည်။ ရွာက ကလေးတွေက ဖြူစင်လိုက်တာ။ တစ်ယောက်နဲ့ တစ်ယောက် မနာလိုစိတ်မရှိ။ တစ်ယောက်မုန့် တစ်ယောက် ခွဲဝေစားသောက်ကြနဲ့။ ပျော်စရာကြီး။ မြို့ကျောင်း နဲ့ ကွာလိုက်တာ။

ကျွန်တော့်တူမလေးကို ဒီကျောင်းမှာ လာထားရမယ်။ အဲ့တာမှ လူ့ဘ၀ကို နားလည်မှာ။ အခုတော့ တူမလေးက သူဌေးသမီးပီပီ လူအများကို မတူသလို မတန်သလို ဆက်ဆံလို့!

စာသင်ချိန်တွေ တစ်ချိန်ပြီး တစ်ချိန် ကုန်သွားပြီး နေ့လည် ၁၂ ထမင်းစားချိန်ကျမှ နှစ်ယောက်သား အိမ်ပြန်လာခဲ့ကြသည်။ ကျွန်တော်တို့ နှစ်ယောက်က မနက်ပိုင်းသာ စာသင်ပေးရခြင်း!

နေ့လည်စာ စားပြီး ပေါ့ပေါ့ပါးပါး အ၀တ်လဲကာ နှစ်ယောက်သား ခြံထဲမှာ ထိုင်ကြရင်း

ကျိုးချန် - ကိုကို

ဟိုက်ခွမ်း - ဗျာ

ကျိုးချန် - ကျွန်တော်တို့ လက်ထပ်ပြီးရင် ကိုကို ၀မ်အိမ်တော်မှာ လိုက်နေနိုင်မလား။

ချစ်ဉီးပုံပြင် - S2 / ချစ်ဦးပုံပြင် - S2 {Z & U} [ Completed]Where stories live. Discover now