🍩15🍩 { Z & U }

330 29 1
                                    

ကျောင်းဝန်းထဲသို့ လက်တွဲပြီး ၀င်လာကြတဲ့ ကျောင်းသားသမဂ်ဂ​ခေါင်းဆောင်နဲ့ စကောလ်လားရှစ် ကျောင်းသားကြောင့် အားလုံး ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။

လွန်ခဲ့တဲ့ ၁လ ကျော်ကအထိ သတ်နေကြတဲ့ နှစ်ယောက်က အခုတော့ သူတို့ မဟုတ်တဲ့ အတိုင်း!

ရီပေါ် - အယ် အယ် ဒါက ဘာလဲ ဘာလဲ

ဟိုက်ခွမ်း - ဘာရမှာလဲ ချစ်သူတွေ ဖြစ်သွားပြီ။

တွဲထားတဲ့ လက်ကို မြှောက်ပြလိုက်ပြီး ကျိုးချန် ရဲ့ လက်ဖမိုးလေးကို နမ်းပြလိုက်တော့

ဘိုဝမ် - နောက်ထပ် သည်းသည်းကဲကဲ အတွဲ လာပြန်ပြီဟေ့

ဟောက်ရွှမ်း - ခွမ်းကော ကျွန်တော် ပြောစရာရှိတယ်။ ခန လိုက်ခဲ့ပါလား။

ဟိုက်ခွမ်း - ဒီမှာ ပြောလို့ မရဘူးလား။

ဟောက်ရွှမ်း က ကျိုးချန် ကို တစ်ချက်လှမ်းကြည့်လိုက်တာမို့

ကျိုးချန် - ဉီး လိုက်သွားလိုက်လေ။ ကျွန်တော် ကန်တင်းကနေ စောင့်နေမယ်။

ဟိုက်ခွမ်း - အင်း မတည့်တာတွေ မမှာ နဲ့နော်။

ကျိုးချန် - ဟုတ်ကဲ့။ ငါတို့ အရင် သွားရအောင်။

အားလုံး ထွက်သွားတော့မှ

ဟိုက်ခွမ်း - ဘာပြောမလို့လဲ ဟောက်ရွှမ်း

ဟောက်ရွှမ်း - ကော စုံစမ်းခိုင်းထားတာ သိရပြီ။ ကျိုးချန် က ကော မိထွေး နဲ့ ကျွန်တော့် ပထွေး ရဲ့ သား! ကျိုးချန် ရဲ့ အစ်ကို က သူတို့ ၂ယောက်ကို အရမ်းမုန်းသလို ကျိုးချန် ကလည်း အရမ်းမုန်းတယ်။ ကော တို့ အဆင်ပြေပါ့မလား။

ဟိုက်ခွမ်း - လောလောဆယ် ကော အဲ့တာတွေ မတွေးချင်သေးဘူး။ နောက်မှ နောက်မှ တွေးမယ်။ အခုတော့ ကျိုးချန် အနားမှာ နေပြီး ပျော်ရွှင်အောင် ထားမယ်။

ဟောက်ရွှမ်း - အင်း!

ဟိုက်ခွမ်း - ကော တို့ သွားကြရအောင်။

စကားစဖြတ်ကာ ကန်တင်းဘက်ကို ထွက်လာလိုက်သည်။
%
%
%
ကျိုးချန် - ဉီး

ဟိုက်ခွမ်း - ဗျာ!

ကျိုးချန် - ချစ်တယ်။

ဟိုက်ခွမ်း - ကိုယ် က ပိုချစ်တယ်။

ချစ်ဉီးပုံပြင် - S2 / ချစ်ဦးပုံပြင် - S2 {Z & U} [ Completed]Where stories live. Discover now