🍩25🍩 { Z & U }

313 30 0
                                    

ကျိုးချန် - ရေ..ရေ

ဟိုက်ခွမ်း - ပူတူးလေး! ပူတူးလေး

မျက်လုံးမဖွင့်ဘဲ ရေတောင်းနေသူလေးကြောင့် ဟိုက်ခွမ်း လှုပ်နှိုးလိုက်ရသည်။

ကျိုးချန် - ကို..ကိုကို ကျွန်တော်ရေဆာတယ်။

ဟိုက်ခွမ်း - အင်း အင်း

ဘေးစားပွဲခုံပေါ်က ရေခရားကို ယူကာ ဖန်ခွက်ထဲ ထည့်ပြီး ကျိုးချန် ကို ဖြေးဖြေးချင်း တိုက်လိုက်သည်။

ကျိုးချန် - ကိုကို အိမ်ရောက်နေတာလား။

ဟိုက်ခွမ်း - ဟုတ်တယ် ပူတူးလေး။ မနေ့ညက အရမ်းဖျားလာလို့ ချန်ရီကော ကို ဖုန်းဆက်လိုက်ရတာ။

ကျိုးချန် - ဒီခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရတာ အရမ်းစိတ်ညစ်တာဘဲ။

ဟိုက်ခွမ်း - မညစ်ပါနဲ့ကွာ။ နေအုံး ကိုယ် ယွင်အာကျဲ ကို သွားပြောလိုက်အုံးမယ်။

ကျိုးချန် - ဟုတ်ကဲ့။

ဟိုက်ခွမ်း အောက်ထပ်ဆင်းကာ မီးဖိုချောင်ထဲမှာ  အလုပ်ရှုပ်နေတဲ့ ယွင်အာကျဲ ကို

ဟိုက်ခွမ်း - ကျဲ

ယွင်အာ - ဟိုက်ခွမ်း ဘာလိုလို့လဲ။

ဟိုက်ခွမ်း - ကျိုးကျိုး သတိရလာပြီ။

ယွင်အာ - ဟုတ်လား။ ကျဲ လိုက်ခဲ့မယ်။ အော် ဟိုက်ခွမ်း ကြက်သားဆန်ပြုတ်လေး ယူခဲ့ပေးပါလား။

ဟိုက်ခွမ်း - ဟုတ်ကဲ့ ကျဲ ကျွန်တော် ယူခဲ့မယ်။

ယွင်အာ - ပူတယ် ဂရုစိုက် ကိုင်နော်။

ဟိုက်ခွမ်းက ကြက်သားဆန်ပြုတ်ထည့်ထားတဲ့ ပန်းကန်လုံးလေးကို ဗန်းပေါ်တင်ကာ အပေါ်ထပ်ကို ပြန်တတ်လာခဲ့သည်။ ယွင်အာ ကျဲ က သူ့အခန်းထဲက ဆေးသေတ္တာယူကာ နောက်ကနေ တတ်လာခဲ့သည်။

ယွင်အာ - တော်သေးတာပေါ့ အဖျားကျသွားလို့။ ညက တစ်ညလုံး အဖျားတွေ တတ်နေတာ။

ကျိုးချန် - ကျဲလည်း စိတ်ညစ်မှာဘဲနော်။

ယွင်အာ - ညစ်စရာလား။ ဒီမောင်လေး တစ်ယောက်ပဲ ရှိတာ။ ဆန်ပြုတ်သောက် ဆေးသောက်ပြီးရင် ပြန်အိပ်! ဟိုက်ခွမ်း လည်း နားလိုက်အုံး။ ညက တစ်ညလုံး ကျိုးကျိုးကို ဂရုစိုက်ထားရတာ ပင်ပန်းနေမယ်။

ချစ်ဉီးပုံပြင် - S2 / ချစ်ဦးပုံပြင် - S2 {Z & U} [ Completed]Where stories live. Discover now