🍩23🍩{Z & U}

277 33 0
                                    

အခုဆို ကိုကို နဲ့ မျက်နှာချင်းမဆိုင်ဖြစ်တာ ၂လနီးပါးလောက်ရှိပြီ။ ဒီနေ့တော့ မားမား က အိမ်လာဖို့ ခေါ်နေတာမို့ ကိုကို ပြန်အလာကို ဧည့်ခန်းထဲမှာ ထိုင်စောင့်နေခြင်း။ ကိုကို ကျောင်းက ပြန်ရောက်လာပြီး အိမ်ထဲဝင်ဝင်လာခြင်း

ဂျီလီ - ကိုကို

ယွီပင်း - အင်း

ဂျီလီ - မား က ထမင်းစားဖိတ်ထားတယ်။ ကျွန်တော်တို့ မင်္ဂလာဆောင်ပြီး ကတည်းက မိဘအိမ်မပြန်ရသေးဘူး။ အဲ့တာ မနက်ဖြန်  ကိုကို အားလား။

ယွီပင်း - မအားဘူး။ အလုပ်ကိစ္စရှိလို့ အပြင်သွားရမှာ။ မင်းဘာသာ သွားလိုက်။

ယွီပင်း ပြောပြီး ထမင်းစားခန်းထဲ ၀င်သွားလိုက်သည်။

ဂျီလီ - မင်္ဂလာဆောင်ပြီးသားမောင်နှံ တွေက သူတို့ ခင်ပွန်းမပါဘဲ ပထမဉီးဆုံး မိဘအိမ်သွားရင် ဘယ်လောက်ထိ မျက်နှာငယ် ရလဲ ကိုကို မသိဘူးလား။

ဂျီလီ သက်ပြင်းချကာ သူ့မားမားဆီ ဖုန်းခေါ်ပြီး မနက်ဖြန် မအားလို့ မလာဖြစ်ကြောင်း လိမ်ပြောလိုက်ရသည်။

ကျွန်တော် ကျောင်းက ပြန်ရောက်ရောက်ခြင်း ဂျီလီ ခေါ်သံကြောင့် သူဘာပြောမလဲ ဆိုတာ ရပ်နားထောင်နေလိုက်သည်။ သူပြောတာ မနက်ဖြန် သူတို့ ကျိုးအိမ်တော်ကို သွားဖို့အကြောင်း။ ခက်တာက ကျိုးချန် နဲ့လည်း ချိန်းထားတာမို့ မအားဘူး ပြောလိုက်တော့ မျက်နှာမကောင်းဖြစ်သွားသော သူ။ ထမင်းစားခန်းထဲဝင်တဲ့ အချိန် နောက်နားက တိုးတိုးလေးရေရွတ်တဲ့ သူ့စကားကြောင့် တကယ်အားနာမိသွားသည်။

ကျွန်တော်တို့ရဲ့ အယူအဆ က မင်္ဂလာဆောင်ထားတဲ့ ဇနီးမောင်နှံ ပထမဉီးဆုံး မိဘအိမ်ပြန်တဲ့ နေ့မှာ ခင်ပွန်းမပါရင် ထိုလူဟာ အမျိုးကြားထဲ အနှိမ်ခံဘ၀ကို ရောက်ရှိသွားသည်။ ညနေမှ သွားရအောင်လို့ ပြန်ပြောဖို့ အလုပ် သူ့မားမား ဆီ ဖုန်းဆက်တာ မလာဖြစ်ကြောင်းပြောပြီး ခြံထဲ ဆင်းသွားသော ဂျီလီ!

ယွီပင်း - ငါ မင်းအပေါ်မှာ အရမ်းများ ရက်စက်သလို ဖြစ်နေပြီလား ဂျီလီ!!
%
%
%
ကျိုးချန် - ကိုကိုရေ

ချစ်ဉီးပုံပြင် - S2 / ချစ်ဦးပုံပြင် - S2 {Z & U} [ Completed]Where stories live. Discover now