🍩20🍩 {Z & U}

292 31 0
                                    

ကျိုးချန် ပြောပြတဲ့ အကြောင်းတွေကို နားထောင်ပြီး

ချန်ရီ - ဟိုက်ခွမ်း က ကြိုမပြောခဲ့တာမို့ ကျိုးကျိုး က စိတ်ဆိုးတာပေါ့။

ကျိုးချန် - အင်း!

ချန်ရီ - ဒါဆို ကော ကိုပါ ကျိုးကျိုးက စိတ်ဆိုးမှာလား။

ကျိုးချန် - ဘာဆိုင်လို့လဲ။

ချန်ရီ - မှတ်မိသေးလား။ကျိုးကျိုး ဟိုက်ခွမ်းပုံ ကို ကောဆီ ပို့ပေးကတည်းက ကော ဟိုက်ခွမ်း အကြောင်းကို စုံစမ်းခဲ့တယ်။ မား က ဟိုက်ခွမ်း ရဲ့ အဖေ နဲ့ လက်ထပ်ထားတယ်ဆိုတာထိ သိခဲ့တယ်။ အဲ့တာကြောင့်မို့ မင်းရဲ့ ကျဲကျဲ လျှိုအိမ်တော်ကို သွားတာ ကို ကော က တားနေရတာပေါ့။

ကျိုးချန် - ကျဲ က ဘာလို့ လျှိုအိမ်တော်ကို သွားရတာလဲ။

ယွင်အာ - ဟိုက်ခွမ်းရဲ့ အဖေ က ဆီးချိုသမားမို့ ကျဲက ၃ရက်တစ်ခါ သွားစစ်ဆေးပေးရတာ။

ကျိုးချန် - အော်

ချန်ရီ - ကော က ကျိုးကျိုးလေး ပျော်ရွှင်နေတာကိုဘဲ မြင်ချင်တယ်။ ကျိုးကျိုး တစ်ယောက်တည်းအတွက် မစဉ်းစားနဲ့ ဟိုက်ခွမ်း အတွက်ပါ ထည့်စဉ်းစားပေး။

ချန်ရီ အပြောကြောင့် ကျိုးချန် တွေဝေသွားသည်။ ညနေကလည်း အဆောင်ပြန်မလိုက်ဘူး ပြောလိုက်လို့ ညှိုးသွားတဲ့ ကိုကို့ မျက်နှာ။ ကျွန်တော်က တကယ်မကောင်းတဲ့ သူဘဲ။ ကိုကို့ ကို နာကျင်အောင် ထပ်လုပ်မိပြန်ပြီ။

ကျိုးချန် - ကော ကျွန်တော် အဆောင်ပြန်တော့မယ်။

တူဖြစ်သူ စကားကြောင့် ၀မ်ခယ်အိုက်မှာ အံ့သြကာ

- ဟဲ့ ညကြီး ကို မနက်မှ ပြန်လေ။

ကျိုးချန် - အင့်ဟင်း ကိုကို့ ကို လွမ်းတယ်။ ကော ပြောသလို ကျွန်တော် ကိုကို့ အတွက် ထည့်မစဉ်းစားမိဘူး။ ကိုကို က ကျွန်တော့်ထက်စာရင် ပိုပြီး သနားစရာကောင်းတယ်။ အရင်ဘ၀ကလည်း ကိုကို့ ကို ထားခဲ့ပြီးပြီ။ ကိုကို့ ဆီ ပြန်မယ်။

ချန်ရီ - ကော လိုက်ပို့ပေးမယ်။

ကျိုးချန် - ဟိုးထား ဒီညက ကော ရဲ့ မင်္ဂလာဉီးညလေ။ ဉီးလေးကိုပဲ လိုက်ပို့ခိုင်းတော့မယ်။

ချစ်ဉီးပုံပြင် - S2 / ချစ်ဦးပုံပြင် - S2 {Z & U} [ Completed]Unde poveștirile trăiesc. Descoperă acum