🍩3🍩 { Z & U }

502 55 1
                                    

ဟိုက်ခွမ်း - ဟေ့ မင်း အ၀တ်အစားပြန်လဲ

ကျိုးချန် - ဘာကိစ္စလဲ ရမှာလဲ။ ကိုယ့်စတိုင်နဲ့ ကိုယ်!

ဟိုက်ခွမ်း - Ok ဒီနေ့ ဒီပုံစံတိုင်း ကျောင်းလာရင် ကျောင်းအုပ်ကြီး ဆီ ပြောရမယ်။

ကျိုးချန် - အဲ့တော့ ကျောင်းအုပ်ကြီး ကို ကြောက်ရမှာလား။ စောစောစီးစီး!

ကျိုးချန် ပွစိပွစိရွတ်ပြီး ၀တ်နေကျ အတိုင်းသာ ၀တ်လိုက်သည်။ ပြီးတော့ အခန်းထဲမှ ထွက်လာလိုက်သည်။

ရီပေါ် - ခွမ်းကော ဘယ်လိုလဲ။

ဟိုက်ခွမ်း - ကြည့်ထား အဲ့ကောင်လေး ပုံစံ ကို ငါ ရအောင် ပြောင်းပြမယ်။

ဟောက်ရွှမ်း - သူပဲ ပုံစံပြောင်းမလား။ အစ်ကိုဘဲ မောပြီး သေမလား ကျွန်တော်တို့ စောင့်ကြည့်နေမယ်။

ဟိုက်ခွမ်း - ခွေးကောင်တွေ! ၀မ်ရီပေါ် မင်း လိုင်နာ ဆိုးထားတာလား။

ရီပေါ် - ဟာ နည်းနည်းလေးပါ ကော ကလည်း။

ဟောက်ရွှမ်း - ကောနော် ၀မ်ကျိုးချန် ကို မနိုင်တာနဲ ကျွန်တော်တို့ဘက် လှည့်မလာနဲ့။

ဟိုက်ခွမ်း - သွားမယ်။ မနက်စာ စားပြီး ကျောင်းသွားကြစို့။

အဆောင်အခန်းကို သေသေချာချာ သော့ခတ်ပြီး အဆောင်ရှေ့က ခေါက်ဆွဲဆိုင်ကို အုပ်စုလိုက်ကြီး ချီတတ်လာကြသည်။

ခေါက်ဆွဲဆိုင်ရောက်တော့

ရှောင်းကျန့် - ဟိုဟာ က ၀မ်ကျိုးချန် မလား။

ရှောင်းကျန့် ပြတဲ့ နေရာကို အားလုံး လှမ်းကြည့်တော့ ကောင်လေး၁ယောက်နဲ့ ကောင်မလေး ၁ယောက် ကြားထဲမှာ ထိုင်နေတဲ့ ကျိုးချန်! ဘာတွေ သဘောကျလို့ ပြုံးပျော်နေမှန်း တောင် မသိဘူး။

အယ် အယ် ဘေးက ကောင်က ဘာတုန်း! ကျိုးချန် နှုတ်ခမ်းကို ဘာလို့ လက်နဲ့ ထိရတာတုန်း။ ဟိုကလည်း သဘောတွေ ကျနေတာ! ဒီတစ်ခါတော့ ကိုယ်ဘက်က စလှုပ်ရှားရတော့မှာလား!

ဘိုဝမ် - ဟိုက်ခွမ်း ခေါက်ဆွဲတွေ အောက်ကျကုန်ပြီ။

အဲ့တော့မှကြည့်လိုက်တော့ တူနဲ့ထိုးဆွထားမှုကြောင့် ခေါက်ဆွဲတွေက စားပွဲခုံပေါ်မှာ ပလဲလို့!!

ချစ်ဉီးပုံပြင် - S2 / ချစ်ဦးပုံပြင် - S2 {Z & U} [ Completed]Where stories live. Discover now