🍩24🍩 { Z & U }

301 31 0
                                    

ဟိုက်ခွမ်း အိမ်ကို ရောက်တော့ ပါး က နွေးထွေးစွာ ကြိုဆိုသည်။ မတွေ့ရတဲ့ ဒီနှစ်ထဲ ပါး တော်တော် အိုစာ သွားပြီ။ အင်း အလယ်တန်း နောက်ဆုံးနှစ်ကတည်းက ပါး နဲ့ အတူ မနေပဲ အဘိုးအိမ်မှာ သွားနေနေတာမို့ တွေ့ရတဲ့ အချိန် က အရမ်းကို နည်းသည်။ ဘေကျင်း ကနေ ကွမ်ကျိုး ကို ပြောင်းလာတော့လဲ အပြင်မှာသာ အနေများသည်။

- ခွမ်းအာ ရောက်နေတာလား။

ဟိုက်ခွမ်း - ဟုတ်တယ် အန်တီ! ပါး ကျွန်တော်ကို ဘာပြောမလို့လဲ။

- ပါး လည်း အသက်ကြီးပြီ။ သားလည်း အခု တတိယနှစ်ရောက်နေပြီ။ အားတဲ့ အချိန်လေး ပါး အလုပ်တွေကို နည်းနည်းလောက် ကူလုပ်ပေးပါလား။

ဟိုက်ခွမ်း - ဒါဆို ပါးနဲ့ ကျွန်တော် အပေးအယူတစ်ခုလောက် လုပ်ရအောင်။

- အပေးအယူ။  ဘာများလဲ သား

ဟိုက်ခွမ်း ပေ့ဝေစူးကို တစ်ချက် ကြည့်ကာ

ဟိုက်ခွမ်း - နှစ်ယောက်တည်း သီးသန့် ပြောလို့ရမလား။

ဟိုက်ခွမ်းပါးပါး လည်း ပေ့ဝေစူးကို ကြည့်ပြီး

- အင်း ပါးတို့ စာကြည့်ခန်းထဲ သွားရအောင်!!

သားအဖ နှစ်ယောက် ထထွက်သွားမှ

- ငါ့ကို မသိစေချင်တာ ဘာအကြောင်းလဲ။ ကျိုးချန် နဲ့များ ပတ်သက်နေမလား။

ပေ့ဝေစူး ထိုင်နေရာမှ ထကာ စာကြည့်ခန်းဘက် လိုက်သွားပြီး တံခါးနားကပ်ကာ အထဲက စကားသံတွေကို အာရုံစိုက် နားထောင်နေသည်။

- ခွမ်းအာ!

ဟိုက်ခွမ်း - ကျွန်တော် ကျိုးချန် ကို အရမ်းချစ်တယ်။

- သားတို့ အချစ်ကို ပါး မခွဲပါဘူး။ ဒါပေမယ့် သားမားမား ကိုလည်း ဒီကိစ္စပေးသိစေချင်တယ်။

ဟိုက်ခွမ်း - ပါး ကျိုးချန် က မကြာသေးခင်ကမှ နှလုံးခွဲစိတ်ထားတာ။ ပြီးတော့ သူ့အမေ နဲ့ ပတ်သက်ပြီး စိတ်ဒဏ်ရာ ရထားတဲ့ ကလေး! ကျွန်တော် သူ့ကို စိတ်ချမ်းသာစေချင်တယ်။ ကျွန်တော် ပါး အလုပ်ကို ကူလုပ်ပေးပါမယ်။ ဒါကြောင့် ကျွန်တော်တို့ နှစ်ဖက်မိဘ တွေ့ဆုံပွဲ ၊ စေ့စပ်ပွဲ နဲ့ မင်္ဂလာဆောင် တဲ့ နေ့တွေမှာ အန်တီ ကို နိုင်ငံခြား လွှတ်ပေးပါ။ ဒါ ပထမဉီးဆုံး အကြိမ် နဲ့ နောက်ဆုံးအကြိမ် တောင်းဆိုခြင်း ပါ။

ချစ်ဉီးပုံပြင် - S2 / ချစ်ဦးပုံပြင် - S2 {Z & U} [ Completed]Where stories live. Discover now