🍩27🍩 { Z & U }

319 32 2
                                    

ချန်ရီ - ကျိုးကျိုး ဘာပြောလိုက်တယ်။

ကျိုးချန် - ကျွန်တော် ကိုကို နဲ့ လက်ထပ်ချင်တယ်လို့။

ညနေစောင်းကြီး အိမ်ရောက်လာပြီး ယွင်အာကို ထမင်းစားဖို့ ကူညီလုပ်ကိုင်ပေးနေတဲ့ ကျိုးချန်! ထမင်းစားပြီးတော့ အသီးနွှာတော့လည်း သူ့ချည်းဒိုင်ခံလုပ်သွားသော ကျိုးချန်၊ မနှိပ်ပေးစဖူး တီလေးကိုပါ နှိပ်ပေးနေတဲ့ ကျိုးချန်၊ ဘာလိုချင်လို့ ဒီလောက်ထိ ကပ်ချွဲနေတာလဲလို့ မေးလိုက်မှ သွေးတတ်ရတဲ့ အဖြစ်! ဟိုက်ခွမ်း နဲ့  လက်ထပ်ခွင့်ပြုပါတဲ့!!

- ကောင်းလိုက်တဲ့ မင်္ဂလာစကား! ဘယ်နေ့လက်ထပ်ချင်လဲ ပြော၊ တီလေး အကုန်လုပ်ပေးမယ်။

ချန်ရီ - တီလေး!

- ဘာလဲ။ ဘာလို့ လာအော်နေတာလဲ။

ချန်ရီ - ကျိုးကျိုး က အခုမှ ကလေးပဲ ရှိသေးတယ်လေ။

- ချစ်သူရှိလို့ လက်ထပ်ချင်ပြီ ပြောနေတဲ့ သူကို ကလေးတဲ့။ ဟိုက နင့်ထက် အချစ်ကို အရင်တွေ့တဲ့သူနော်။ ယွင်အာ လို မိန်းကလေးမျိုးနဲ့ တွေ့လို့ လူပျိုကြီးဘ၀က ကျွတ်တဲ့ အကောင်ကများ။

ချန်ရီ - တီလေး နော်

ဝမ်ခယ်အိုက် အပြောမှာ ယွင်အာတို့ ကျိုးချန် တို့ တဝါးဝါး နဲ့ ပွဲကျသွားသလို ချန်ရီကလည်း သူ့အဒေါ်ကို မျက်စောင်းတွေချည်း လှိမ့်ထိုးလို့..

ကျိုးချန် - ကော! ကျွန်တော်ကို ဒီနေ့ မားနဲ့ ပါး လာတွေ့တယ်။ ကိုကို နဲ့ ကျွန်တော့်ကို လမ်းခွဲခိုင်းတယ်။

- ဘာရယ်! အဲ့နှစ်ယောက်က ဘာအရူးထလာတာလဲ။

ချန်ရီ - သူတို့က ဘာမို့လို့လဲ။ ဘာကောင်းနေလို့ ဟိုလိုလုပ် ဒီလိုလုပ် အမိန့်လာပေးနေကြတာလဲ။

ယွင်အာ - အစ်ကို စိတ်လျှော့ပါ။

- မနက်ဖြန် ဟိုက်ခွမ်း အဖေ နဲ့ တွေ့ပြီး မင်္ဂလာပွဲရက်ပါ တစ်ခါတည်း သတ်မှတ်လိုက်ကြရအောင်

ကျိုးချန် - တီလေး က သဘောတူတယ်လား။

- တီလေး က သားတို့ နှစ်ယောက်ကို ပျော်ပျော်ရွှင်ရွှင် နေတာကိုပဲ မြင်ချင်တာ။

ချစ်ဉီးပုံပြင် - S2 / ချစ်ဦးပုံပြင် - S2 {Z & U} [ Completed]Where stories live. Discover now