🍩5🍩 { Z & U }

448 52 1
                                    

ကျိရန် - မင်းဟာက ဟုတ်ရော ဟုတ်ရဲ့လားကွာ။

ဟောက်ရွှမ်း - ဟုတ်ပါတယ်ဆို ငါ့ မျက်စိနဲ့ သေချာမြင်တာ။

ရှောင်းကျန့် - တကဟ်ဆိုရင် ခွမ်းကော က သူ့အိမ်မက်အကြောင်း ပြောပြဖူးတော့ ကျိုးချန် အတွက် စိတ်မကောင်းဘူးကွ။

ဟောက်ရွှမ်း - ဟုတ်တယ်။ ခွမ်းကော က သူ့အိမ်မက်ထဲက ချစ်သူကို လိုက်ရှာနေတာ။

ရီပေါ် - ဒါနဲ့ မင်းတို့ ကျိုးချန် ကို သတိထားမိကြလား။

ရှောင်းကျန့် - ဘာကိုလဲ။

ရီပေါ် - သူ ငါတို့နဲ့ ခင်ပေမယ်ကွာ ရောတောပေါတော မနေဘူး။ ငါတို့ဆိုကွာ တစ်ယောက်ကုတင်ပေါ် တစ်ယောက် တတ်အိပ်တယ်။ သူကတော့ အဲ့လို မဟုတ်ဘူး

ဟောက်ရွှမ်း - ကျိုးချန် က ခန့်မှန်းရခက်တယ်။

ကျိုးချန် - ဘာတွေ ခန့်မှန်းရ ခက်နေကြတာလဲ။

အသံနဲ့အတူ လာထိုင်တဲ့ ကျိုးချန်ကြောင့် အားလုံး လန့်သွားကြသည်။

ရီပေါ် - ဘာမှမဟုတ်ဘူး။

ကျိုးချန် - ဒီနှစ် ထိုင်ဝမ် ကို သွားမှာဆို။ ဟိုဘိုးတော်ပြောတာ ကြားခဲ့တယ်။

ရှောင်းကျန့် - တကယ်ကြီးလား။

ကျိုးချန် - မသေချာဘူး။ ဟိုဘိုးတော်က သူ့သူငယ်ချင်း နဲ့ ပြောနေတာ။ ဟူး!!

ချွေးစက်လေးတွေ စိုနေတဲ့ မျက်နှာကို ဟောက်ရွှမ်း က တွေ့တော့

ဟောက်ရွှမ်း - ကျိုးချန် မင်း နေမကောင်းဘူးလား။

ကျိုးချန် - အင်း နှလုံးခုန်နှုန်းတွေ အရမ်းမြန်နေလို့။ ဆေးသောက်ထားတယ်။ ခနနေကောင်းသွားလိမ့်မယ်။

ကျိရန် - ဂရုစိုက်ပါ ကျိုးချန်

ကျိုးချန် - အင်း!

ဘေးနားက ရှောင်းကျန့် စာအုပ်ဆွဲယူပြီး ယပ်ခတ်နေလိုက်သည်။ ဒီနေ့ နေလို့ထိုင်လို့ မကောင်းဘူး။ နေ့လည်ကျမှ ကော ကို လှမ်းခေါ်ရမယ်။

ကျိရန် - ငါတို့ ဘယ်သူ့ကို Vote ပေးရမှာလဲ။ King အဖြစ်က ၃ယောက်တောင် လျာထားတာဆိုတော့

ချစ်ဉီးပုံပြင် - S2 / ချစ်ဦးပုံပြင် - S2 {Z & U} [ Completed]Where stories live. Discover now