6

908 194 0
                                    

Unicode

အပိုင်း - ၆

နိုင်းချင်းသည် အမြဲလိုလို နားကြပ်တပ်ထားရသည့် ကောင်ကလေးတစ်ယောက်ဖြစ်သည်။ နားကြပ် တွင် အခြားသူများ၏ အတွေးသံကို မကြားရသည့် အသံလှိုင်းတစ်ခုကို ထုတ်လွှင့်ပေးသည့် အသံဖိုင်ရှိ၏။ ထို့ကြောင့် နိုင်းချင်းသည် လူအများကြားတွင် နားကြပ်ကိုတပ်ဆင်ထားလေ့ရှိသည်။ ထိုသို့ တပ်ဆင်ထား ခြင်းကြောင့် နိုင်းချင်းကို လူအတော်များများက ဆက်ဆံရေးမကောင်းမွန်ဘဲ သီးသန့်တစ်ယောက်တည်း နေတတ်သည့် ကျောင်းသားတစ်ယောက်အဖြစ် သတ်မှတ်ကုန်ကြ၏။ ထို့ကြောင့် နိုင်းချင်းတွင် သူငယ်ချင်း ဟူ၍ ခန့်ညီတစ်ယောက်သာ ရှိသည်။

ယနေ့သည် ကျောင်းဖွင့်ရက်များထဲက တစ်ရက်ဖြစ်ပြီး သူ့အချစ်ဆုံးသူငယ်ချင်း ကျောင်းလစ်သည့် နေ့လည်းဖြစ်သည်။ အတန်းထဲတွင် ဆရာ မလာသေးသည်မို့ ကျောင်းသားများသည် စကားများလျက်ရှိ၏။ အတန်းထဲရှိ အခြားကျောင်းသားများ သူ့ကို စကားလာမပြောစေရန်အတွက် နိုင်းချင်းသည် နားကြပ်တပ်ထား ခဲ့သည်။ နားကြပ်တပ်ထားပြီး တစ်ယောက်တည်းဖြစ်နေသည့် နိုင်းချင်းကို ကျောင်းသားတို့သည် လျစ်လျူရှု ထားကြ၏။ ထိုသို့ပြုခြင်းကို နိုင်းချင်းစိတ်ထဲမထားပေ။ နိုင်းချင်းသည် မိမိနှစ်သက်သော၊ မိမိခင်မင်သူများနှင့် မဟုတ်လျှင် အဆက်အဆံသိပ်မလုပ်ချင်သည့် ကောင်လေးလည်းဖြစ်သေးသည်။

ထိုအချိန်တွင် သူ့ဖုန်းသည် လင်းလာ၏။ သူအပါအဝင် အတန်းသားအားလုံးသည် ယခုအချိန်တွင် သင်ခန်းစာ မရှိကြောင်း အသိပေးသည့် အကြောင်းကြားစာကို တပြိုင်နက် ရရှိလိုက်ကြသည်။ သူတို့အတန်း ဝင်ရမည့်ဆရာသည် ရုတ်တရက်လူမှုရေးကိစ္စပေါ်လာသဖြင့် မလာနိုင်ကြောင်း တိုတိုနှင့်လိုရင်းရေးထားသည့် အကြောင်းကြားစာကြောင့် အတန်းသားအားလုံး ပျော်မြူးကာ အလျှိုအလျှိုအတန်းထဲမှ ထွက်သွားကုန်ကြ၏။

နိုင်းချင်းစာအုပ်သိမ်းပြီးသည့်အချိန်တွင် အတန်းထဲ၌လူနည်းနည်းသာ ကျန်တော့၏။ ထိုအချိန်တွင်...

"အမ် အတန်းထဲမှာ လူမရှိတော့ဘူးလား"

အတန်းအရှေ့တံခါးပေါက်က ဝင်လာသည့် ကျောင်းသားတစ်ယောက်၏ ရေရွတ်သံကို နိုင်းချင်းကြား လိုက်ရသည်။ ခေါင်းမော့ကြည့်ချိန်တွင် တတိယနှစ် ကျောင်းသူတစ်ဦးနှင့်ကျောင်းသားတစ်ဦးကို မြင်လိုက်ရ၏။

Marmalade [Own Creation]Hikayelerin yaşadığı yer. Şimdi keşfedin