8

767 176 3
                                    

Unicode

"တကယ်ကြီး... တကယ်ကြီး ငါကကူညီရမှာလား"

အတန်းမစခင်အချိန်၌ ဆရာမလာခင် ခန့်ညီကို အားသစ်က အကူအညီလိုသဖြင့် ကူညီပေးရမည့် အကြောင်းကို နို်ငးချင်း ရှင်းပြအပြီးတွင် ခန့်ညီ၏ အလောသုံးဆယ်ဖြင့် ပြန်ပြောနေခြင်းဖြစ်သည်။ ခန့်ညီ၏ စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေသော မျက်လုံးများကို နိုင်းချင်းမသိချင်ယောင်ဆောင်ကာ တစ်ဖက်သို့ လှည့်နေလိုက်၏။ သူငယ်ချင်းဖြစ်သူက သူ့မျက်နှာလွှဲချင်းကို စိတ်ထဲမထားသည့် အပြင်ဆက်၍ ပြောပြန်သည်။

"မင်းနဲ့ငါ အခန်းမလဲချင်ဘူးလား ငါ့အခန်းကို သေချာပြန်ပြင်ပေးမယ်လေကွာ"

အားသစ်နှင့်သူ့အခန်းက ဘေးချင်းကပ်ဆိုသည်ကို သူ့စကားမှတစ်ဆင့် ခန့်ညီ သိသွားသဖြင့် အပူကပ်လာပြန်သည်။

"အမြဲတမ်း သူ့ကိုငါ မြင်နေရမှာလေ... ဘယ်လောက်ကောင်းလဲ"

မသိမသာ နားကြပ်ထိုးထားသဖြင့် ခန့်ညီ၏ အတွေးများကို နိုင်းချင်းမကြား။ သူ ကြားလည်း မကြားချင်။ အားသစ်နှင့်မိတ်ဆက်ပေးမည်ဆိုကတည်းက ခန့်ညီ ရင်ထဲတွင်ဘယ်လောက်ထိ ဘုရားပွဲ လှည့်နေမလဲ ဆိုသည်က ကြားစရာမလိုဘဲ တွေးကြည့်ရုံနှင့်ပင် သိသာသည်။

အရှက်မရှိတဲ့အတွေးတွေကို ငါ မကြားချင်ဘူး။

သူ့မျက်နှာနှင့်ကပ်တော့မတတ် အားတက်သရောဖြစ်နေသည့် ခန့်ညီ၏ မျက်နှာကို လက်ဖဝါးဖြင့် မညှာမတာ တွန်းထုတ်လိုက်ရင်း...

"ဘေးချင်းကပ်က ဘယ်လိုလုပ်မြင်ရမှာလဲ... မျက်နှာချင်းဆိုင်မှ မဟုတ်တာ"

တွန်းထုတ်ခံလိုက်ရတော့မှသာ အစောပိုင်း အားနှင့်မာန်နှင့် နိုင်းချင်းနှင့်ပူးကပ်မတတ် ဖြစ်နေသည် ကို ခန့်ညီ လူချင်းခွာလိုက်ကာ...

"ဘာလို့ မမြင်ရမှာလဲ နံရံကို အပေါက်သေးသေးဖောက်ထားလိုက်တာတို့ သူ့ဝင်ချိန်ထွက်ချိန်ကို မှတ်ပြီး တစ်ချိန်လုံးစောင့်နေပြီး တိုက်ဆိုင်လိုက်တာနော် လို့လုပ်လို့ရတယ်လေကွာ"

အလျှော့မပေးသေးဘဲ ပြောနေသည့် ခန့်ညီကို နိုင်းချင်း မှင်သေသေနှင့်သာ ကြည့်နေလိုက်တော့ သည်။ သူတို့နှစ်ယောက်သာ တစ်ယောက်နှင့်တစ်ယောက် အူမချေးခါးမကျန် သိနေသည့် ဆက်ဆံရေးမျိုး မဟုတ်ဘူးဆိုလျှင် အားသစ်ထင်နေသည့် Stalker က ခန့်ညီဟု ထင်ချင်စရာ။

Marmalade [Own Creation]Where stories live. Discover now