21

631 163 2
                                    

Unicode

အပိုင်း - ၂၁

"သား အခုလိုမျိုး ကူညီပေးတာကျေးဇူးကွယ်"

အားသစ်ဖခင်၏ ကျေးဇူးတင်စကားကို နိုင်းချင်း လိပ်ပြာမလုံစွာလက်ခံလိုက်ရ၏။ အားသစ် နေမကောင်းဖြစ်ကာ သတိလစ်သွားကြောင်း အဆောင်မှူးကို တစ်ဆင့်ပြောပြီးသည်နှင့် ချက်ချင်းပင် ကျောင်းအုပ်ရောက်လာကာ သိပ်မကြာခင်တွင် အားသစ်မိဘများ ရောက်လာတော့သည်။ အခြားသော အားသစ်အကြောင်းကို သူတို့က အတော်ပင်သိစေချင်ပုံမရ။ အခန်းထဲတွင် သူ့ကို ရှိနေစေချင်ပုံမရသည့် အားသစ် မိဘများကို ပြုံးပြပြီးနောက် နိုင်းချင်း အခန်းအပြင်သို့ ထွက်လာခဲ့လိုက်သည်။

သူ့စိတ်သည် လေးလံနေသေးဆဲ။ အားသစ်ချင်းတူနေသည့်တိုင်၊ ထိုအားသစ်က သနားစရာ ကောင်းနေသည့်တိုင် သူသည် တခဏလေးပင်လိမ်ညာပြီး မနှစ်သိမ့်နိုင်ခဲ့။ တခဏနားပြီးနောက် ရေချိုးရန် စိတ်ကူးပြီး အပေါ်ဝတ်ချွတ်ကာခုတင်ပေါ်ပစ်တင်လိုက်ချိန်တွင် အိပ်ယာထက်သို့ ပလဲကျသွားသည့် ခရုခွံများ ကို တွေ့လိုက်ရ၏။ သူ့မျက်လုံးများသည် မှိန်ဖျော့သွားတော့သည်။

ကျွန်တော်က... အစ်ကို့ကို ချစ်နိုင်ရင် ဘယ်လောက်များ ကောင်းလိမ့်မလဲ။ ဒါပေမဲ့ ကျွန်တော့် နှလုံးသားက အစ်ကို့အတွက် မဟုတ်ခဲ့တာကို တောင်းပန်ပါတယ်။

ဝမ်းနည်းစွာရေရွတ်မြည်တမ်းပေးရုံကလွဲပြီး သူ ဘာတစ်ခုမျှ မတတ်နိုင်ခဲ့။ ထိုအားသစ်ကို သူသည် လည်း မရွေးချယ်ဖြစ်။

ဒါပေမဲ့... အစ်ကို့ကို တန်ဖိုးထားတဲ့လူနဲ့တော့ တွေ့မှာပါ...။ အစ်ကိုက လူကောင်းလေး တစ်ယောက်ပဲ မဟုတ်လား။

တစ်ညကုန်လွန်ပြီးချိန်တွင် နောက်တစ်နေ့၏ နေမင်းသည် တာဝန်အရ ရောင်နီထွန်းပေးလေ၏။ နံနက်ခင်း ခပ်စောစော နိုးလာပြီးနောက် သွေးအပူအနေဖြင့် ပြေးဖို့အခန်းထဲက နိုင်းချင်း ထွက်လာ လိုက်သည်။ တစ်ဖက်အခန်းကို ကြည့်လိုက်ချိန်တွင် အခန်းတံခါးကတော့ ပိတ်နေထားဆဲ။

အစ်ကိုအားသစ်က... သတိမရသေးဘူးပေါ့...။

တွေးနေချိန်တွင် အားသစ်အခန်းတံခါးပွင့်လာခဲ့သည်။ မည်သူများထွက်လာသလဲဆိုသည့် မျှော်လင့် တကြီးဖြင့် စောင့်စားနေမှုသည် အားသစ်ဖခင်ကို မြင်လိုက်ချိန်တွင် အနည်းငယ်အရောင်မှိန်သွားရ၏။

Marmalade [Own Creation]Where stories live. Discover now