30

822 154 4
                                    

Unicode

ပထမနှစ်ဝက်ဖြေပြီးသည့်နေ့တွင်တော့ ကျောင်းသားတို့သည် အိမ်သို့ပြန်ကြရ၏။ သို့သော်လည်း ပထမနှစ်ကောင်ကလေးကတော့ တတိယနှစ်ကောင်ကလေး၏ အခန်းထဲသို့ ကျူးကျော်ဝင်ရောက်နေခဲ့သည်။

"မင်း မပြန်ဘူးလား"

ခုတင်စွန်းတွင်ထိုင်ကာ သူ့ကိုပေါင်ပေါ်တင်ထားပြီး လည်ပင်းကို အသာကိုက်ခဲနေသည့် နိုင်းချင်းကို အားသစ် အသက်ကိုခဲရာခဲဆစ်ရှုနေရသည့် အသံမျိုးဖြင့်မေး၏။ သူတို့နှစ်ဦး၏ ထွက်သက်တိုင်းသည် လေးလံ နေခဲ့သည်။

"မနက်ဖြန်မှာပြန်မယ်လေ"

ပြောပြီးနောက် သူ့ကိုခေါင်းမော့စေပြီး လည်ဇလုတ်ကို အသာကိုက်သည့် နိုင်းချင်းကြောင့် အားသစ် ခပ်တိုးတိုးညည်း၏။ နှစ်ဦးလုံး ကျောင်းယူနီဖောင်းမလဲရသေးသဖြင့် အားသစ်၏ ရှပ်အဖြူသည် ဘောင်းဘီ ထဲကထွက်ကာ ဖရိုဖရဲဖြစ်နေပြီး နိုင်းချင်း၏ လက်များကတော့ သူ့ရှပ်အဖြူအောက် ခါးတွင် ရှိနေသည်။ နိုင်းချင်းသည် တစ်ဖက်လက်က သူ့ခါးကိုကိုင်ထားပြီး တစ်ဖက်လက်မှ ချောမွတ်သော သူ့ဗိုက်သွယ်သွယ်ကို ညင်သာစွာပွတ်သပ်နေခဲ့၏။

"စာမေးပွဲမပြီးမချင်း မတွေ့ကြဘူးလို့ အစ်ကိုက ဘယ်လိုများ ဆုံးဖြတ်ထားတာလဲ"

လည်ပင်းကော်လံကို ဆွဲခွာကာ ညှပ်ရိုးသို့ခပ်ဖွဖွငုံ့နမ်းပြီး ပိုင်ကြောင်းအမှတ်အသားပြုနေသည့် နိုင်းချင်းကြောင့် အားသစ်၏ သိစိတ်များသည် ဝေဝါးနေရတော့သည်။ ဒီကောင်လေးကို တားလည်း တားချင်တယ် တားဖို့ကလည်း အားမရှိဘူး။

"မင်း စာကျက်ဖို့အာရုံမရမှာစိုးလို့ အ! နိုင်းချင်း..."

အပြစ်တင်သံတိုးတိုးကြောင့် နိုင်းချင်းသည် သူကိုက်လိုက်သည့် အားသစ်၏ ညှပ်ရိုးနေရာကို အသာဖွဖွပြန်လျက်ပေးနေခဲ့သည်။

"ကျွန်တော်က အစ်ကို့ကို သတိရတာကြောင့် စာပိုမလုပ်မှာကို မတွေးဘူးလား"

"ဒါပေမဲ့..."

အားသစ်၏ မျက်လုံးထောင့်စွန်းများတွင် မျက်ရည်စတို့ပင် ဝေ့နေခဲ့ပြီ။ နိုင်းချင်း၏ သူ့ကိုနာအောင် ကိုက်လိုက်မနာတော့အောင် အသာဖွဖွလျက်ပေးလိုက် လုပ်နေခြင်းက သူ့ခံစားချက်များကို အမြင့်သို့ဆွဲခေါ် လာလိုက် အောက်သို့ပစ်ချလိုက်နှင့်။

Marmalade [Own Creation]Where stories live. Discover now