18

682 168 5
                                    

Unicode

အပိုင်း - ၁၈

အားသစ်၏ နေ့ရက်သည် ရုတ်တရက်ကြီး ဆူညံသွားတော့၏။ ဘာကြောင့် သူက နိုင်းချင်း၏ အစွမ်းကို ရရှိလိုက်လဲဆိုသည့် အကြောင်းရင်းကို ရှာမတွေ့နိုင်သေးချိန်တွင် အားသစ်သည် နိုင်းချင်းက သူ့ကိုဘာကြောင့် ဒီလောက်ထိ တောင့်တရသလဲဆိုသည်ကို နားလည်သလိုလိုဖြစ်သွားတော့သည်။

တကယ်လို့ငါဆိုရင်လည်း နားကြပ်ကြီးအမြဲတပ်ထားရတာကို မုန်းမှာပဲ...။ အကြားအာရုံချို့ယွင်း နေတာမျိုးလည်း မဟုတ်ဘူးလေ။

ကျောင်းပိတ်သည့်ရက်တွင် နှစ်ဦးသား စာကြည့်တိုက်ဘက်သို့ သွားရန်ချိန်းဆိုထားသည်မို့ အားသစ်သည် အခန်းထဲကသာ စောင့်နေလိုက်၏။ နိုင်းချင်းက သွားဖို့အဆင်သင့်ဖြစ်လျှင် သူ့ကို ဖုန်းဆက်လိမ့်မည်။ ထို့အတွက် အခန်းတွင် ငြိမ်ငြိမ်လေးထိုင်ကာ အားသစ် စဉ်းစားနေခဲ့သည်။ နိုင်းချင်းလိုပင် သူ့တွင်လည်း လျှို့ဝှက်ချက် များလွန်းသည်။ သူတို့နှစ်ဦးသည် လျှို့ဝှက်ချက်ကိုယ်စီဖြင့် ဖြစ်ပြီး သူ့ထက်စာလျှင် နိုင်းချင်းက ကံကောင်း သည်ဟု ဆိုရမည်။

အနည်းဆုံးတော့ နိုင်းချင်းမိဘတွေက နိုင်းချင်းကို ဖုံးကွယ်ထားတာမျိုး မရှိဘူး...။ ငါကျတော့...။

အသက်ပြင်းပြင်းရှူပြီး ဘာဆက်တွေးလို့တွေးရတော့မှန်းမသိစွာဖြင့် လေကိုပြန်မှုတ်ထုတ်၏။

ဖေဖေနဲ့မေမေက... ဘာကို ဖုံးကွယ်ထားတာလဲ။ ငါ... နောက်တစ်ယောက်ဆိုတာကရော ဘာလဲ။

နိုင်းချင်းနှင့်သူ တူညီသည်က သူတို့၏ ထိုအခြေအနေများကို မိသားစုဝင်များက လွဲလျှင် အခြားသူများ မသိခြင်းပေ။ နိုင်းချင်းလက်ဆောင်ပေးထားသည့် ဖြူးကောင်လေးကို သူ လှမ်းကြည့်၏။ Mini Arthit ဟု အခေါ်ခံရသော ဖြူးကောင်လေးသည် အိပ်စက်၍ ကောင်းနေသေးဆဲ။

"မင်းပဲကောင်းတယ်... အေးအေးဆေးဆေးပဲ"

တွေးပူစရာမလိုသည့် အကောင်ငယ်လေးကို သူရေရွတ်ပြောလိုက်ချိန်တွင် အနီးအနားတွင်ချထားသည့် သူ့ဖုန်းသံမြည်လာတော့သည်။

Marmalade [Own Creation]Where stories live. Discover now