28

671 163 2
                                    

Unicode

အားသစ်နှင့်နိုင်းချင်းသည် ယခင်တုန်းကထက် ပို၍ရင်းနှီးသွားကြသည်။ သူတို့နှစ်ယောက် တွဲနေကြပြီ ဟုဆိုကြသော်လည်း သူတို့မတွဲသေးသည်ကိုတော့ သူတို့နှစ်ဦးသာ သိသည်။

"အစ်ကိုအားသစ်..."

နံနက်ခင်းတွင် အားသစ်နှင့်အတူ ကန်တင်းတွင် နံနက်စာအတူစားပြီး ကျောင်းအတူသွားကြသည်။ ရံဖန်ရံခါတွင် မသိမသာလက်တွဲမှုများကို အားသစ်သည် မငြင်းဆန်။

"ဒီနေ့အတန်းမလစ်နဲ့ဦး"

အကြီးတစ်ယောက်ပီပီ အားသစ်သည် နိုင်းချင်းကို မှာဖို့လည်းမမေ့လျော့တတ်။ နိုင်းချင်းကလည်း အားသစ်၏ အစ်ကိုကြီးဆန်သော နွေးထွေးသည့် အာဏာပြမှုများကို ငြင်းဆန်ခြင်းမပြုတတ်။ နိုင်းချင်း၏ တစ်နေ့တာထဲတွင် အားသစ်ကို အတန်းထိ လိုက်ပို့ခြင်းလည်း ပါဝင်သည်။ အားသစ်က ကြည့်လိုက်လျှင် ပုံမှန်ပေါ့ပေါ့ပါးပါးနေတတ်သည့် ကျောင်းသားတစ်ယောက်ပုံပေါက်သော်လည်း အမှန်စင်စစ်တွင်တော့ အတန်းမှန်ပြီး စာလုပ်သည့် ကောင်ကလေးတစ်ယောက် ဖြစ်သည်။ အားသစ်ကို အတန်းလိုက်ပို့ပြီးသည်နှင့် နိုင်းချင်းသည် သူ့အတန်းဆီသို့ ပြန်လာရ၏။

"မင်းနဲ့အစ်ကိုအားသစ်က အဆင်ပြေနေလား"

"အင်း... ဒါပေမဲ့ ငါတို့တွဲတာတော့ မဟုတ်သေးဘူး"

"ငါချီး တွဲသာမတွဲသေးတာ... မင်းအသားယူနေတာ အတော်များနေပြီ"

ခန့်ညီ၏ မကျေမနပ်ဖြင့် ငေါက်ငမ်းလာမှုကို နိုင်းချင်းရယ်သည်။ ဘောပင်ကိုလှည့်ပြီးနောက် သူ ရေရွတ်၏။

"အခု အကုန်လုံးပြီးသွားပြီဆိုတော့ သူ့ကိုငါ သေချာလိုက်သင့်နေပြီမဟုတ်လား"

သူ့သူငယ်ချင်း စကားကို ခန့်ညီသည် မျက်လုံးလှန်၍သာ တုံ့ပြန်လိုက်တော့၏။ သူ့ Idol လေး အလဲအကွဲ အသားယူခံနေရမှုကို မကျေနပ်ပေမဲ့ သူလည်း ဘာမှမတတ်နိုင်ပါဘူး။

အားသစ်သည်လည်း သူတို့နှစ်ဦး၏ ဆက်ဆံရေးနှင့်ပတ်သက်ပြီး ဦးနှောက်ခြောက်ခံ စဉ်းစားနေ ခဲ့သည်။ စာသင်ချိန်တွင် အာရုံမစိုက်သည့် အားသစ်ကို သူငယ်ချင်းများက စူးစမ်းသလိုကြည့်ကြ၏။ အားသစ်၏အာရုံတို့က အခြားထံသို့ ရောက်နေသော်လည်း သူတို့သည် အားသစ်ကို မေးမြန်းခွင့်မသာ။ အားသစ်က ဘာမေးမေး နှုတ်ခမ်းကို Super Glue နှင့် ကပ်ထားသည့်အလား ပြန်မှမဖြေပေဘဲ။

Marmalade [Own Creation]Opowieści tętniące życiem. Odkryj je teraz