7

836 189 5
                                    

Unicode

အပိုင်း - ၇

'သူတို့နှစ်ဦး၏ ထွက်သက်ဝင်သက်သည် နီးကပ်လျက် တစ်ယောက်ကိုတစ်ယောက် တင်းကြပ်စွာ ဖက်တွယ်ထားရင်းဖြင့် နှုတ်ခမ်းတို့သည်...'

"What The Fuck!"

ဘယ်သောအခါမှ အလန့်တကြားမရှိဖူးသည့် နိုင်းချင်း၏ နှုတ်က ထွက်လာသည့် ဆဲရေးသံကြောင့် ခန့်ညီရယ်သည်။

"မင်းပဲ ဖတ်ချင်တယ်ဆို ဒါအခု ကျောင်းစဖွင့်ကတည်းက နာမည်ကြီးနေတဲ့ ဇာတ်လမ်းပဲ"

"မင်းက အဲ့ဒါတွေလည်း ဖတ်တာပဲလား"

Fundashi တစ်ပိုင်းလည်းဖြစ်သည့် ခန့်ညီသည် ထူးဆန်းသည့်မျက်လုံးများဖြင့် သူ့ကို ကြည့်လာသော နိုင်းချင်းကို မျက်မှောင်ကြုတ်ကြည့်ကာ...

"ဒီမှာ... ယောကျာ်းလေးချင်းကြိုက်တဲ့ ဝတ္ထုတွေဖတ်တာနဲ့ပဲ ငါယောကျာ်းလေးချင်း သဘောကျနေ တာမဟုတ်ဘူး သဘောကျရင်တောင် အနည်းဆုံးတော့ မင်းကို သဘောမကျဘူးကွာ ပူမနေနဲ့"

သူငယ်ချင်းအရင်းခေါက်ခေါက်၏ ငြင်းဆိုစကားကို စိတ်အေးရမည့်အစား နိုင်းချင်း အောင့်သက်သက် ဖြစ်သွားရတော့သည်။

"ငါကဘာဖြစ်နေလို့လဲ"

"မင်းကို ကြိုက်စေချင်လို့လား"

"တော်... ဒါပေမဲ့ မင်းက အစ်ကို အားသစ်ကို ကြိုက်တယ်လေ"

နိုင်းချင်း၏ စူးစမ်းမေးခွန်းကို ခန့်ညီ မျက်လုံးလှန်ကာ...

"ဒါကကွာ... သူက ငါဆော့နေတဲ့ ဂိမ်းထဲက ကာရိုက်တာနဲ့ တူပါတယ်ဆိုနေ အဲ့ထဲက ကာရိုက်တာက Tsundere လေး ပါးစပ်က ဘုကလန့်တွေချည်းပြောပေမဲ့ စိတ်နှလုံးသားလေးက တအားနူးညံ့တာ..."

"မင်းက သူ ဟုတ်မဟုတ် ဘယ်လိုသိလဲ"

ဆတ်တောက်တောက်အသံကြောင့် ခန့်ညီ ရုတ်တရက်ကြောင်သွားရ၏။

"ဘယ်လိုဖြစ်လို့ ငါ့ကို ထအော်ရတာလဲ မင်းပဲ ဒါကိုဖတ်ချင်တယ်ဆိုပြီး ငါ့ကိုအတင်းလာပြော လို့လည်း ငါကရှာပေးရသေးတယ်"

နိုင်းချင်းသည် မျက်မှန်ကို ပင့်တင်ကာ...

"ငါအခုဖတ်ချင်လား မဖတ်ချင်လားကိစ္စကို ပြောနေတာမဟုတ်ဘူးလေ သူကအဲ့လိုလေးပါလို့ မင်း ဘယ်လိုသိလဲ မေးတာလေ"

Marmalade [Own Creation]Where stories live. Discover now