A Perfect Match (Unicode)

497 39 20
                                    

A Perfect Match

ခုတလော P'Sing ကို ကြည့်ရတာ ဂနာမငြိမ်နဲ့...။ တစ်ခုခုကို စိတ်ရှုပ်နေသလိုလို။ စိတ်ပြေလက်ပျောက်ဖြစ်အောင် ဆံပင်အရောင်သွားဆိုးခဲ့တာ လည်း ခဏပဲ ခံတယ် လို့ ပြောတယ်။ ကျနော် P ကို တော်တော်လေး စိတ်ပူမိတယ်။ အခုညနေပိုင်းလည်း တွစ်တာမှာ ပို့စ်တင်ပြီး ဖုန်းကို ဘေးချပြီး ငိုင်နေတယ်။ Social Media လျှော့သုံးဖို့ P ကိုပြောချင်နေတာ။  P ဘာတွေဖြစ်နေတာလဲ မသိဘူး။

"ဘာဖြစ်နေတာလဲဟင်"

P'Sing ပခုံးပေါ်မီရင်း အကဲခတ်သလို မေးလိုက်တော့ ဘာမှမဖြစ်ချင် ယောင်ဆောင်ပြီး ပြုံးပြလာတယ်။

"Photo shooting က ပင်ပန်းလို့လား"

P'Sing မီထားတယ်ဆိုပေမယ့် လက်တစ်ဖက်က P နောက်ကျောကို သိုင်းဖက်ရင်း P လက်မောင်းတွေကို ပွတ်သပ်ပေးနေမိတယ်။ ပွေ့ဖက်နေရတာမျိုး ကို P'Sing က အရမ်းကြိုက်တာမလား။ P က လူတစ်ယောက် သူ့ကို ထွေးပွေ့လိုက်ရင်ကို အားတွေရှိသွားတတ်တဲ့လူမျိုး...။

P'Sing ဆီ မီထားရာကနေ ကျနော့်ကိုယ်ကိုမတ်လိုက်တယ်။ ပြီးတော့ P'Sing ကို ရင်ခွင်ထဲမီခိုင်းပြီး ထွေးဖက်ထားလိုက်တယ်။ ပင်ပန်းလွန်းလို့ထင်တယ်။ မီထားပြီးတာနဲ့ P'Sing မျက်လုံးတွေ ပိတ်လိုက်တယ်။ ကျနော် ချစ်ရတဲ့ P မျက်ဝန်းညိုတွေက နွမ်းနေတယ်လို့ ခံစားမိခဲ့တာ ရက်နည်းနည်းကြာပြီ။

P ခံစားရတာ သက်သာစေဖို့ ကျနော် ပီ့ ဆံပင်လေးတွေကို ခပ်ဖွဖွ ပွတ်ပေးနေမိတယ်။ Mae ရှိတုန်းက ပီ့ကို အဲ့လို လုပ်ပေးခဲ့ဖူးတယ်လို့ ပြောဖူးတာ သတိရတယ်။ ဒီရက်ပိုင်း စိတ်ပင်ပန်းလို့ ထင်တယ် P က Phor ဆီလည်း မပြန်ဘူး။

ခုနက P ဘာပို့စ်တင်ခဲ့လဲဆိုတာ ခိုးကြည့်ဖို့ P ဖုန်းကို အသာယူတော့ P မျက်လုံး ဖွင့်ကြည့်လာတယ်။

"ဘာတွေပြောထားသေးလဲ... P တို့ နှစ်ယောက် စီးရီးအတူမရိုက်တာကို ငြိုငြင်နေကြတဲ့ ကောမန့်တွေ များလား"

အာ... P စိုးရိမ်နေတာ ဘာလဲဆိုတာ ကျနော် သိရတော့ နာကျင်လိုက်တာ။ P အားငယ်နေရတာ ဒါကြောင့်လား။

ရင်ခုန်သံမညာကြေး Or Peraya's DreamWhere stories live. Discover now