အပိုင်း - ၁၉ (z+u)

3.5K 232 22
                                    


'Another Face' (u)

June 12, 2018

ဖုန်းကြည့်ရင်း သက်ပြင်းပဲ ချနေမိသည်။ သူဟာ ကျွန်တော့်အတွက် အမြဲတမ်း ပုစ္ဆာတွေပဲ ဖန်တီးနေသူပါလား။ ကျွန်တော် ဘာဖြစ်နေလဲထက် သူ ဘာကြောင့် ဒီလိုဖြစ်နေရသလဲဆိုတာကို ပိုပြီးတွေးဖြစ်နေမိတာ နှစ်နှစ်ကျော်လောက်တောင် ရှိတော့မည်။ သူ... သူဟာ ကျွန်တော့်အတွက်တော့ တကယ့်ကို လျှို့ဝှက်နက်နဲတဲ့ ပုစ္ဆာ တစ်ပုဒ်ပေါ့...။ ဒါပေမယ့် စဉ်းစားလို့အဖြေထွက်တဲ့အခါလည်း စိတ်လှုပ်ရှားရခြင်းတွေနဲ့အတူ ဂုဏ်ယူကြည်နူးစေတဲ့ ပုစ္ဆာတစ်ပုဒ်ပါ...။

အခုရော... သူ ဘာဖြစ်နေတာလဲ...။ IG မှာ ဟိုသည်မွှေနှောက်လိုက်တယ်ဆိုရင်ပဲ သူ ဘယ်သူနဲ့ ဘာလုပ်နေပြီဆိုတာ မြင်ရပြီလေ...။ သူ အလုပ်များနေပါလားလို့လည်း နားလည်ပေးမိရင်း တစ်ဖက်ကလည်း သူက ငါ့ကို အချိန် တစ်စက္ကန့်လောက်တောင် ဖဲ့မပေးချင်ဘူးလားရယ်လို့ ဝမ်းနည်းအားငယ်မိသွားပြန်သည်။

စိတ်ညစ်ညစ်နဲ့ လောလောလတ်လတ် ထွက်ထားတဲ့ ကိုယ့်သီချင်းကိုယ် ပြန်ဖွင့်ကြည့်နေမိသည်။ သီချင်းထဲက ကိုယ့်ပုံရိပ်ကိုယ်ကြည့်ရင်း မင်းသမီးနဲ့ ကျွန်တော် အတော်လေး ကောင်းကောင်းသရုပ်ဆောင်ထားမိလို့ ကျေနပ်မိသည်...။ မင်းသမီးလေးက ငယ်လည်း ငယ်၊ ချောလည်းချောပြီး အတော်လေး ကြိုးစားသည်။ ကျွန်တော်နဲ့ ဒါရိုက်တာအစ်ကို မကြိုက်မချင်း စိတ်ရှည်ရှည်နဲ့ ရိုက်ပေးရှာတာ။ ဟာ... ဟုတ်သားပဲ... သူ ကျွန်တော့်ကိုများ စိတ်ကောက်နေရော့သလားမသိ။ သူ... သဝန်တိုနေတာများလား။

အဲ့လိုလေးတွေးမိတော့ ရင်ထဲ နွေးကနဲ လှိုက်ခုန်လာမိသည်။ သူ့လို ကျောက်ရုပ်က ဒီလိုလည်း စိတ်ကောက်တတ်သေးတယ်လား။ အမြဲတမ်း ခံစားချက်ပဲ မရှိသလို... သံယောဇဉ်မထားတတ်သူလို နေနေတဲ့ သူ့ရင်ထဲမှာ ကျွန်တော့်အတွက် ခံစားချက်သေးသေးလေးရှိနေပါလားလို့ တွေးမိရုံနဲ့တင် ခေါင်းတခါခါနဲ့ ကိုယ့်ဘာသာ ပြုံးနေမိသည်။ သူဟာ တကယ့်ပုစ္ဆာလေး...။

အခုမှ တကယ်အခက်တွေ့ပြန်သည်။ တကယ်ကြီးသာ သူ စိတ်ကောက်နေတာဆိုရင် ကျွန်တော် ဘာလုပ်ရမလဲ...။ 'ချော့လိုက်ပေါ့'လို့မဲ့ရွဲ့ဖြေကြမည့် ပရိသတ်တွေကို တွေးရင်း ရယ်ရသေးသည်။ သူနဲ့ ပြောထားသည့် မက်ဆေ့ချ်လေးတွေကို ပြန်ဖတ်မိပြန်သည်။

ရင်ခုန်သံမညာကြေး Or Peraya's DreamWhere stories live. Discover now