အပိုင်း - ၁၇ (B)(z+u)

3.8K 271 48
                                    

ရင်ခုန်သံမညာကြေး >>> အပိုင်း...(၁၇-B)(u)

နေမကောင်းဘူးလားမေးလာတဲ့ P'Sing ကို အင်းဟုသာဖြေပြီး သန့်စင်ခန်းထဲ ခဏဝင်လာလိုက်သည်။ တစ်ခါတစ်လေ P'Sing ဟာ သူ့ကို ကစားနေတာများလားလို့လည်း သံသယဝင်လာသည်။ မနက်က စကားတွေရဲ့ အဓိပ္ပာယ်က ဘာများလဲ။

ဟူး...
သန့်စင်ခန်းထဲက မှန်မှာ ပေါ်နေတဲ့ ကိုယ့်ပုံရိပ်ကိုယ်ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ သူ့စိတ်တွေက ထိန်းချုပ်ရခက်နေသည်လေ...။ ဟန်ဆောင်လို့မရအောင် ရင်ထဲ လှုပ်ရှားမိနေလို့ ဟန်မပျက်ထိန်းနေရတာက သူ့ကို ပိုရုပ်ပျက်စေသည်မလား။ အဲ့လိုတွေးရင် မနက်က သူ့ကု မရိုးမရွဖြစ်အောင် ဆွသွားသော P'Sing ကိုသာ စိတ်တိုမိတော့သည်။

*မနက်က*

တစ်နေကုန် schedule တွေရှိလို့ မိတ်ကပ်ပြင်တာနဲ့ မနက်စာ အလုအယက်စားရတာနဲ့ အလုပ်တွေရှုပ်နေသည်။

"အိုး... လှနေလိုက်တာ" လှည့်ကြည့်စရာပင်မလို...။ ဘယ်သူဆိုတာကို သူ တန်းသိလိုက်သည်။ သူက P'Sing ပေါ့။ ရောက်လာပြီဆိုတဲ့အသိနဲ့ ရင်ထဲနွေးကနဖြစ်သွားသလို နှလုံးသားကလည်း သူ့အလုပ်သူသိသည့်အလား စတင်လှုပ်ရှားလာတော့သည်။ ဒါပေမယ့် ရောက်လာတာနောက်ကျနေတဲ့ P ကို ဘာမှမပြောဘဲ မျက်စောင်းလှည့်ထိုးလိုက်သည်။

"အမလေး မျက်စောင်းမထိုးပါနဲ့ဗျာ... တို့ Sing လေးခမျာ ကျောင်းစာလုပ်နေတာနဲ့ ညကတည်းက မအိပ်ရသေးလို့ ခုမနက် နောက်ကျသွားတာပါ..."
P'Jane က သူမျက်စောင်းထိုးတာ မြင်ပြီး P'Sing ဘက်က ရှေ့နေလိုက်ပေးနေလို့ သူလည်း ဘာမှမပြောတော့ဘဲ တခြားဘက်လှည့်ကာ မျက်နှာလွှဲနေလိုက်သည်။

P'Sing လည်း ပြင်စရာရှိတာ ပြင်ဆင်နေတော့သည်။ အားလုံးလည်း သူ့အလုပ်နှင့် သူ ရှုပ်နေကြတာမို့လို့ သူလည်း သူ့ဘာသာသူ ဖုန်းသုံးပြီး သီချင်းနားထောင်နေမိသည်။ သီချင်းတွေက သူ့ခံစားချက်တွေအတွက် တံခါးပေါက်များသာဖြစ်သည်လေ။

"Kit..."
Earphone က အသံသိပ်မကျယ်ဘဲဖွင့်ထားတာမို့ P'Sing သူ့ဘေးလာထိုင်ပြီး ခေါ်တာကို သူ သေချာကြားရပါသည်။ ဘာပြောမယ်ဆိုတာ သိချင်လို့ နားကြပ်ဖြုတ်ပြီး ကြည့်လိုက်တော့ သူ့ကို ရွှန်းရွှန်းစားစားကြည့်ရင်းပြုံးပြနေသည့် P'Sing...

ရင်ခုန်သံမညာကြေး Or Peraya's DreamWhere stories live. Discover now