Peraya As One (U+Z)

1.2K 113 31
                                    

(Unicode)


"ပင်ပန်းသွားပြီ‌လား Kit"

"မပင်ပန်းပါဘူး..." အဖြေနဲ့အတူ နဖူးထက်သို့ ခပ်ဖွဖွ ကျရောက်လာသည့် reward လေး။ Nong ရဲ့ ကြင်နာမှုအတွက် Sing ခပ်ပါးပါးလေး ပြုံးမိသည်။


ခဏအကြာမှာ ထပ်ပြီး အပ်နှံလာသည့် ပါးထက် အနမ်းဖွဖွ...။


"Kit..."


သူ့အသံတွေ အနည်းငယ် တုန်နေသည်။ သို့သော် ခပ်တိုးတိုးသာ...။ GMM Global Live ပြီးလို့ အားလုံး ပစ္စည်းသိမ်းသူသိမ်းနဲ့ အလုပ်များနေသော လူတွေကြားမှာ သူ့ကလေးငယ်က အပျော်လွန်နေသော ရုပ်လေးနဲ့ လုပ်ချင်ရာ လာလုပ်နေတာ။ Kit က အဲ့လိုပဲ သူ လုပ်ချင်တာ လုပ်နေရရင် ဘယ်သူရှိရှိ ဂရုမစိုက်တော့...။


ပြောမှ ပိုဆိုးသည့်အလား Kit သည် သူ့ရဲ့ နောက်ပါးတစ်ဖက်ဆီ ထပ်ကာ ထပ်ကာ မွပစ်ရင်း "P မကြိုက်လို့လား" လို့ မေးလာသည်။ မကြိုက် ဘယ်နေပါ့။ သို့သော် လူအများကြား မိမိက အကြီးဆိုတော့ ဣန္ဒြေဆည်ရသေးသည်မလား။


"ငါ့အနားမှာ အဲ့လိုတွေ လာလုပ်မနေစမ်းနဲ့... နင်တို့အတွဲဟာ တကယ်ပဲ... ငါ့ကို အထီးကျန်အောင် လုပ်နေတယ်။"P'Godji က မသိချင်ယောင်ဆောင်ရာမှ မနေနိုင်လွန်းစွာ မြည်တွန်တောက်တီးပြီး ထ ထွက်သွားတော့၏ ။


နောက်တစ်ခါ မေးစေ့လေးကို လာနမ်းပြန်တော့ Sing တံတွေးမြိုချမိသည်။ အခု စိတ်လှုပ်ရှားပြီး ကြည်နူးပီတိဖြစ်နေတာက နှစ်ဦးစလုံးပင်။ ဒီနေ့မှာ ပိုပြီး စိတ်လှုပ်ရှားရသည်။ GMM က ပြုလုပ်သည့် Global Live မှာ သူတို့နှစ်ဦးက ပထမဆုံး ဖျော်ဖြေရသည်။


အဆင်ပြေပါ့မလားPeraya တွေ ကျေနပ်ကြပါ့မလားလုပ်နိုင်ပါ့မလား


internet connection က အစ ဖုန်းမှာ သုံးရတာ အခက်တွေ့မှာကအဆုံး သူတို့ စိတ်ပူခဲ့ကြရသည်။


မကြည့်ကြရင် ဆိုတာထက် ကြည့်ပြီး အဆင်မပြေဖြစ်မှာကို သူတို့နှစ်ယောက် ခေါင်းချင်းဆိုင် ပူပန်ခဲ့ရသည့်နေ့ရက်များ...။ အခုလို တစ်ကမ္ဘာလုံး သန်း ၁၄၀ ကျော် ကြည့်ရှုပေးခဲ့ကြသည်ကပင် သူတို့နှစ်ယောက်စလုံးအတွက် အားအင်တွေ ဖြစ်ခဲ့ရသည်။ အမောပြေခဲ့သည်မဟုတ်လား။

ရင်ခုန်သံမညာကြေး Or Peraya's DreamWhere stories live. Discover now