Part - 4 (Z+U)

3.9K 290 6
                                    

အပိုင်း - ၄ (Unicode)

Na's POV

U-prince series အတွက် ဇာတ်လမ်း နောက်ဆုံးတစ်ပိုင်းစာ ဇာတ်ညွှန်းတိုက်စရာရှိလို့ ရုံးကို ကျွန်တော်ရောက်လာတာဖြစ်သည်။ Edit ခန်းကိုသွားပြီး ဇာတ်လမ်း ရှေ့တစ်ပိုင်းဝင်ကြည့်မည်။ ပြီးမှ SinGto တို့ ရှိတဲ့ ၉လွှာကို တက်မည်ဟု တွေးပြီး Edit ခန်းရှိရာ ၃လွှာကို အရင်ဝင်လာလိုက်သည်။ အခုအချိန်က SinGto တို့ ထမင်းစားချိန်ဖြစ်၍ ချက်ချင်းမသွားသေးဘဲ Edit ခန်းမှာ အချိန်ဖြုန်းဖို့ တွေးလိုက်တာပင်။

"မင်္ဂလာပါ ..."

"မင်္ဂလာပါ P'Na ... လာလေ ထိုင်ဦး။ အချောသတ်တော့ မပြီးသေးဘူး။"
U-Prince editor က သူ့ ကွန်ပျူတာဘေးတွင် ခုံထိုးပေးပြီး ထိုင်ခိုင်းသည်။

"တော်တော် လိုသေးလား"
ကျွန်တော်လည်း ပြောရင်းနဲ့ ခုံမှာဝင်ထိုင်လိုက်သည်။

"သိပ်မလိုတော့ဘူး ... Sing နဲ့ အစ်ကို့ အခန်းတွေက ပြီးသလောက်ရှိနေပြီ။ Apple တို့ အခန်းတွေပဲ ဖြတ်ဖို့နည်းနည်းရှိတာ။ Duration နဲ့ ကြော်ငြာနဲ့ မလောက်မှာ စိုးလို့။"

"အော် ... လုပ် လုပ် ... ကိုက ရတယ်။ SinGto ဆီလာတာ။"

"Sing တို့က ၉ လွှာမှာလေ"

"အင်း သိတယ်။ အခုက ထမင်းစားချိန်ကြီးလေ။ ပြီးမှပဲ သွားတော့မယ်။"

စကားစပြတ်သွားပြီး သူလည်း သူ့ဘာသာ အလုပ်ဆက်လုပ်နေသည်။ U-prince အပိုင်းသစ် edit နေတာကို ဘေးက ထိုင်ကြည့်ရင်း ပျင်းပျင်းရှိလာတာနဲ့ ဘေးက ကွန်ပျူတာကို မျက်စိကစားလိုက်မိပြီး ရုတ်တရက်ဆိုသလို ရပ်တန့်သွားသည်။

ဘေးက ကွန်ပျူတာမှာ SinGto နဲ့ Krist ရဲ့ interview ကို edit နေတာဖြစ်သည်။ Krist နဲ့ SinGto အပေးအယူမျှမျှနဲ့ မေးတာကို ဖြေလိုက် တို့ထိကစားလိုက်နဲ့ ကျီစယ်နေတာက တကယ့်ကို အသက်ဝင်လွန်းနေသည်။ ဒါတော့ အဲ့ကလေးနှစ်ယောက်ကို ကျွန်တော် မချီးကျူးဘဲမနေနိုင်...။ ကျွန်တော်နဲ့ SinGto တို့ u-princeကိုအတူတူ ရိုက်ကြတယ်ဆိုပေမယ့် သူတို့ချင်းလောက် အပေးအယူ သိပ်မတည့်ခဲ့။ ကျွန်တော်တို့ မကြိုးစားခဲ့လို့ မဟုတ်။ ကျွန်တော်ကလည်း သေချာသရုပ်ဆောင်ခဲ့တာဖြစ်သလို SinGto ကလည်း လျှော့ပြီး သရုပ်ဆောင်ခဲ့တာမျိုးမဟုတ်ပေမယ့် လိုက်ဖက်မှု နည်းနေတာပဲလား၊ ကျွန်တော့်လိုအပ်ချက်ပဲများနေတာလား မပြောတတ်။

ရင်ခုန်သံမညာကြေး Or Peraya's DreamWhere stories live. Discover now