အပိုင်း - ၁၅ (z+u)

3.3K 294 19
                                    

ရင်ခုန်သံမညာကြေး >>> အပိုင်း - ၁၅ (u)

"Sing ရယ်... အသံသွင်းပြီးရင်လည်း အိမ်ပြန်နားလိုက်တော့လေ... ဖုန်းကိုကြည့်ပြီး တမှိုင်မှိုင်လုပ်မနေနဲ့... မင်းကောင်လေးက တော်တော်နဲ့တော့ စိတ်ပြေမှာမဟုတ်ဘူးရယ်"
ဖုန်းကနေ seen ပြပြီး reply မလာတဲ့ line က chat box လေးကို ကြည့်ပြီး ဘယ်လောက်ကြာကြာငေးနေမိတယ်မသိ... P'Jane ရဲ့အသံကြားမှ အတွေးတွေက ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားသည်။

"Perawat စိတ်ကောက်ပြန်ပြီ မဟုတ်လား..."
မေးသံနဲ့အတူ P'Boy က သူတို့နားရောက်ချလာသည်။

"အဲ့မှာလေ... အဲ့ရုပ်ကိုသာ ကြည့်တော့... အဲ့ဒါ အဖြေပဲ..."
P'Jane ရဲ့ မဲ့ရွဲ့ပြီး ထောပနာပြုသံ...။

သက်ပြင်းချရင်း Line မှာ သူရေးထားတဲ့ စာတွေကို ပြန်ဖတ်နေလိုက်သည်။
Line Mesg:
Kit
... ... ...
Kit လေး
... ... ...
P ကို တကယ် မခေါ်တော့ဘူးလား
... ... ...
P တို့ အသံသွင်းရဦးမယ်လေ
... ... ...

ဟူးကနဲ လေပူတွေကို မှုတ်ထုတ်လိုက်ပြီး စာရိုက်လိုက်မပြန်သည်။
'Kit က Fan တွေကို ပျော်စေချင်တာဆို...'
ဘာစာမှပြန်မလာသဖြင့် သူ စိတ်ညစ်နေမိသည်။ စိတ်ကောက်နေချိန် အနားမှာရှိနေရင်တော့ သူ ကောင်းကောင်းချော့နိုင်ပေမယ့် အဝေးရောက်နေပြီး ဖုန်းကိုလည်း ပစ်ချချင်တဲ့နေရာ ပစ်ချထားလိုက်မယ့် Kit ကြောင့် ခက်နေသည်။

Line က ringtone သံမြည်တော့ သူပျော်သွားမိသည်။ Kit ရဲ့ စာများလားဆိုပြီး အမြန်ဖွင့်ကြည့်တော့ တကယ်ပင် Kit ဖြစ်နေသည်။
'P အသံသွင်းပြီးရင် ပြန်နှင့်တော့... ကျွန်တော့်ဘာသာ အသံလာသွင်းလိုက်မယ်...'

အဲ့လိုစာမျိုးမြင်တော့ ပိုပြီးရင်ပူမိသည်။
'Kit အခုဘယ်ရောက်နေလဲ... P စောင့်နေမယ်လေ'

'မစောင့်ပါနဲ့... ကျွန်တော် နောက်ကျမှာ... Khun Singto က နေလည်းမကောင်းသေးပဲနဲ့... ပြန်နှင့်ပါ'
အခေါ်အဝေါ်ပြောင်းသုံးလိုက်ကတည်းက လိပ်ကလေး ဒေါသဘယ်လောက်ထိ ပေါက်ကွဲနေတယ်ဆိုတာ သူ ရိပ်မိလိုက်သည်။ ကလေးရယ်... ကိုယ်ရှင်းပြပါရစေဦးလား။

ဖုန်းကို ပိတ်ပြီး အိမ်ပြန်ရန်ပြင်လိုက်သည်။ မတွေ့ချင်တဲ့သူစိတ်ချမ်းသာဖို့ရာ သူ လိုက်လျောရမည်လေ။
"P'Jane ပြန်ကြစို့လေ"

ရင်ခုန်သံမညာကြေး Or Peraya's DreamOù les histoires vivent. Découvrez maintenant