အပိုင်း - ၁၄ (z+u)

3.9K 296 55
                                    

ရင်ခုန်သံမညာကြေး >>> အပိုင်း_၁၄ (u)

"P... ဒါ ဘာလုပ်နေတာလဲ..."
တင်းတင်းကြပ်ကြပ်ကြီး ထွေးပွေ့ရင်း စူးရှတဲ့အကြည့်တွေနဲ့ ကြည့်နေတဲ့ P ကို မေးလိုက်သည်။ P...သူ့ကို ဘာလုပ်မလို့ပါလိမ့်...။ P မျက်လုံးတွေမှာ တပ်မက်မှုတွေ ပြည့်နှက်လို့...။ P မျက်လုံးတွေကို သူ ရင်မဆိုင်ရဲလို့ မျက်လုံးလွှဲလိုက်သည်။

"ချစ်တယ်... kit"
နူးညံ့တဲ့ အပြောနဲ့အတူ မွတ်သိပ်စွာ နမ်းလာခဲ့တဲ့ P ကြောင့် သူ့ ဒူးတွေ ခွေညွတ်မတတ်...။ ငြင်းဆန်သင့်ပေမယ့် အနမ်းတွေက ပိုပိုပြီး စိုစွတ်လာသည်။ သူ့နှုတ်ခမ်းတွေကို တပ်မက်စွာ စားသုံးနေတဲ့ P က တကယ့်ကို သားရဲတစ်ကောင်အလား။

P လက်တွေက သူ့ ကျောပြင်ကို ပွတ်သပ်ရင်း သူ့အင်္ကျီထဲကို တစ်စတစ်စ ကျူးကျော်လာတာ...။ ရူးပြီ P ရေ...။ မဖြားယောင်းပါနဲ့လား...။ ငြင်းဆန်ဖို့ ခွန်အားမရှိလို့ပါ။

"Kit... Kit..."
အနမ်းတွေကြားကနေ P ခေါ်သံက ပီပြင်နေသည်။

"Kit... Kit ရေ..."
P အသံကို ပီပီပြင်ပြင်ကြားလာရသည်။ P က ဘယ်မှာလဲ...။ နမ်းနေတာ P မဟုတ်ဘူးလား။ P မျက်နှာ့ကို ကြိုးစားပြီး မော့အကြည့်မှာ... မျက်နှာက မပီပြင်ဝေဝါးစွာသာ...။

"Kit..."
P ရဲ့ခေါ်သံကြောင့် ကြိုးစားပြီး မျက်လုံးအဖွင့်မှာ...။ သူ့ကို စိုးရိမ်တကြီးကြည့်နေတဲ့ P...။ နဖူးမှာလည်း ချွေးစို့နေသည်။

"ဟင်... P ... ဘယ်နှနာရီရှိနေပြီလဲ..."
အိပ်ချင်မူးတူးသူမေးတော့ P ကပါ ရောယောင်ပြီး ဖုန်းက နာရီကို ကြည့်သည်။

"၇နာရီခွဲ..."

"ဟာ... P ကလည်း အစောကြီး ရှိသေးတယ်..."
မနက်အစောကြီးပဲရှိသေးတာကို လာနှိုးလို့ အငေါ်တူးသံဖြင့် ပြောလိုက်သည်။

"ဟိုလေ... Kit... မင်းလက်ကို ငါ့ဆီက ဖယ်ပေးပါလား"

ဟင်... သူ့လက်သူ ကြည့်ရင်း မျက်လုံးပြူးသွားသည်။ ပြူးဆို... သူ့လက်က P ရဲ့ ပေါင်ကြားမှာ...။ "ဆောရီး..."လို့ပြောပြီး လက်ကို ကမမ်းကတမ်းရုတ်လိုက်ရင်း ကိုယ့်ကိုယ်ကို ကျိန်ဆဲလိုက်သည်။

'သေစမ်း Kit... မင်း သေလိုက်တော့...'

"မနက်အစောကြီး မနှိုးချင်ပေမယ့်... ငါ ... ငါ အနေခက်လာလို့... မင်း ငါ့ကို ပွတ်နေတာ တော်တော်ကြာပြီ..."
ကြည့်ရတာ P လည်း ရှက်နေပုံရသည်။ သူကတော့ လက်ကို ရုတ်လိုက်ပြီးကတည်းက ဆောရီးလို့ ခပ်တိုးတိုးပြောပြီး P ဘက်ကို ကျောပေးလိုက်တာပင်...။

ရင်ခုန်သံမညာကြေး Or Peraya's DreamHikayelerin yaşadığı yer. Şimdi keşfedin