အပိုင်း - ၉ (Z+U)

3.8K 303 22
                                    

အပိုင်း - ၉ (U)

အင်္ကျီချွတ်ပြီး အနားကို တိုးကပ်လာသည့် Sing ကြောင့် Krist မျက်နှာက ရဲနေပြီ။

"ဘာ... ဘာလုပ်မလို့လဲ P'Sing"
Krist အသံက စိတ်လှုပ်ရှားတာရော ကြောက်တာရောကြောင့် တုန်ယင်နေသည်။

"ဘာမှမလုပ်ဘူး... ခဏနေ ရေချိုးမလို့... အင်္ကျီခဏချွတ်ထားတာ... မင်းချိုးမှာသွားချိုးတော့..."
Singto က ပြောလည်းပြော လက်ကလည်း Krist တင်ပါးကို ဖြန်းကနဲ ချလိုက်သည်။

"P'SINGGGGG..."
"ဟားဟားဟားဟား"

Krist ရဲ့ အသံပြဲကြီးရော Singto ရဲ့ ရယ်သံရောက တစ်ပြိုင်နက်ထွက်လာသည်။ Sing ဟာ သူ့ညီလေးကို အဲ့လို စနေရမှ ကျေနပ်သူမဟုတ်လား။

"လူယုတ်မာကြီး... နှာဗူးကြီး..."
Krist က ရေချိုးနေတဲ့ တစ်လျှောက်လုံး Singto ကို ကျိန်ဆဲနေသည်။ သူ လန့်လည်းလန့်၊ နည်းနည်းလည်း ရှက်သွားသည်။

"ဒေါက် ... ဒေါက်... ဒေါက်..."
"ဘာလဲ..."
အပြင်က ရေချိုးခန်းတံခါးကို လာခေါက်နေတဲ့ သူ့ P ကို ပြန်အော်လိုက်သည်။
"အထဲကနေ ပြောနေတာ ငါ အကုန်ကြားရတယ် သိလား။ ထပ်ပြောရင် ငါ အထဲထိ ဝင်လာမှာနော်..."
Singto ရဲ့ ခြိမ်းခြောက်သံကြားရတော့ ရေချိုးခန်း ထဲကနေ ငြိမ်သွားသည်။ အမှန်တော့ အထဲက သတ္တဝါလေးက အသံတိတ်လေး ဆဲနေတာပင်။

"အသံကငြိမ်သွားပြန်ပါလား... အသံတိတ်ဆဲနေတာလားဟေ..."
သူ ဆဲနေတာကို ဒက်ထိမှန်အောင် ပြောလိုက်လို့ ဇက်ကလေးပုပြီး ပါးစပ်ပိတ်ရယ်နေသည်။

"ဘာမှမဆဲဘူး... ရေချိုးနေတာ လာမနှောင့်ယှက်နဲ့ဗျာ"
Krist က အသံကို ပုံမှန်ဖြစ်အောင် ထိန်းပြီး ပြန်ပြောလိုက်သည်။

"အင်းပါ... အကြာကြီး မချိုးနဲ့ဦး အအေးမိနေမယ်"
Singto ဟာ အစသန်ပေမယ့် ဒီလိုတော့ အထူးတလည် ဂရုစိုက်ပေးတတ်တဲ့ အစ်ကိုမျိုး...။ ဒါကြောင့်လည်း Krist တစ်ယောက် အစ်ကိုထက်ပိုမိခဲ့တာများလား။

"ပြန်ဖြေဦးလေ..."
Krist တစ်ယောက် Singto အသံကြားမှ သူ့အတွေးတွေကို ရပ်ပြီး သူ့ P ကို ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ P"

ရေချိုးခန်းအပြင်မှာတော့ သူ့ညီလေးရဲ့ "ဟုတ်ကဲ့ P" ဆိုတဲ့ အသံလေးအပေါ်မှာ နှလုံးပီတိဂွမ်းဆီထိနေသူတစ်ဦးက ခပ်ပြုံးပြုံးကြီး လုပ်နေသည်။ ခုနလေးကတင် ဝတ်အစားမပါတဲ့ သူ တိတ်တခိုးချစ်နေရသူနဲ့ သူ တစ်မိုးအောက်မှာ နှစ်ယောက်တည်းဖြစ်နေတဲ့ အခြေအနေမှာ သူ့ရဲ့ ရင်ခုန်သံတွေက သူ့အသိစိတ်တွေကို လွန်ဆန်မိတော့မလို ဖြစ်သွားမိသေးသည်။ ဆင်ခြင်တုံတရားက ဦးဆောင်သွားလို့သာပေါ့။ သူ ဒီလိုအခြေအနေကို ဘယ်လောက်ကြာကြာ တွန်းလှန် ထိန်းချုပ်နေနိုင်မလဲဆိုတာ သူကိုယ်တိုင်ပင်မသိပေ။ သူ့ကိုယ်သူ ကိုယ်ရှိန်သတ်နေရမည်ဟုပင် စိတ်ထဲ တွေးထားလိုက်သည်။

ရင်ခုန်သံမညာကြေး Or Peraya's DreamWhere stories live. Discover now