အပိုင်း - ၁၈(A) (z+u)

4.1K 264 7
                                    

Part-A (z)

မိတ်ကပ်ပြင်တဲ့အခန်းထဲမှာ စိတ်ပူမှုတွေ ရောယှက်ပြီး Kit ထိုင်နေမိသည်။ P'Sing က အခုထိရောက်မလာသေးပေ။ ကားလမ်းတွေပဲပိတ်နေလား... အတန်းပဲမပြီးသေးလို့လားမသိ။ အတွေးများတတ်တဲ့သူ့ကို စိတ်ဒုက္ခပေးဖို့များ P'Sing က မွေးဖွားလာသလားမသိ။ အခုလို ဆုယူရမယ့် အခမ်းအနားမှာ သူ နောက်ကျနေမှာစိုးသည်။ မလာဖြစ်မှာကို ပိုစိုးမိသည်။ Best Couple Award ကို သူ တစ်ယောက်တည်းတော့ မယူချင်ပေ။

Mesg:
From : P
နောက်ကျသွားလို့ ဆောရီး Kit ... ကိုယ် အဝင်ဝနားရောက်နေပြီ... လွမ်းတယ် လိပ်လေး

ဖုန်းထဲက မက်ဆေ့ချ်ကိုကြည့်ပြီး သူ မဲ့လိုက်သည်။ အဲ့ဒါကြောင့် မနေ့ကတည်းက အတူတူလာပါမယ်ပြောတဲ့ဟာကို ... P'Sing ကလေ... ဘာမဆို သူ့စိတ်အတိုင်း လုပ်လိုက်ရမှကို ကျေနပ်တတ်သည်။

"P'Krist..."
သူ့ကို ဘယ်သူခေါ်လဲလို့ လှမ်းကြည့်လိုက်တော့ Mook ဖြစ်နေလို့ မပြုံးချင်ပြုံးချင်နဲ့ ပြုံးပြလိုက်သည်။

"ဟိုလေ... P'Sing မလာသေးဘူးလား"

Kit ဒေါသက ငယ်ထိပ်ရောက်သွားသည်။ သူ့အစ်ကိုမျက်နှာသာမရှိရင် Kit သူ့ကို ပြောပစ်ချင်မိသည်။ ငယ်ငယ်ကတည်းက ခင်လာတဲ့မျက်နှာကြောင့် ဒီလောက်ထိ သည်းခံနေတာပင်။

Kit နဲ့ P'Sing ချစ်သူတွေဆိုတာကို ဘယ်သူကမှ အထူးတလည် မမေးပေမယ့် GMM က လူတော်တော်များများ ရိပ်မိနေကြပြီးသားပင်။ ဒါတောင်မှ ဒီကလေးမ ဘာကြောင့် ရဲတင်းနေလဲဆိုတာ Kit စဉ်းစားလို့မရပေ။ Sotus ရိုက်ကူးရေးအဖွဲ့သားတွေတောင် သူတို့ကို ကာကွယ်ပေးနေကြတာမဟုတ်လား။ Fan တွေလည်း တစ်ခုခုကိုတော့ ရိပ်မိနေကြလောက်ပြီလို့ သူထင်သည်။

"P'Krist... Nong မေးနေတယ်လေ..."
ပြန်မဖြေမချင်း မေးနေတဲ့ Mook ကို သူ စိတ်မရှည်ဖြစ်မိသည်။

"ဘာလဲဟာ... မလာသေးလို့ မတွေ့တာပေါ့... နင်က ဘာလုပ်မလို့လဲ"

"ဓာတ်ပုံရိုက်ခိုင်းမလို့လေ..."
Mook စကားက သူ့ရင်ဝကို ဆောင့်ကန်လိုက်သလိုပင် နာကျင်စေပါသည်။ ဟိုတစ်လောက GMM ကုမ္ပဏီ Outing ထွက်ကတည်းက ဓာတ်ပုံဆိုတဲ့ အကြောင်းပြချက်နဲ့ P'Sing နားမှာ တစ်ချိန်လုံးလိုက်ကပ်နေခဲ့တာ...။

ရင်ခုန်သံမညာကြေး Or Peraya's DreamWhere stories live. Discover now