Bonus chap - 2 (Unicode)

863 57 0
                                    

ရင်ခုန်သံမညာကြေး

Bonus chapter - 2

စိတ်ကောက်တယ်တဲ့။ မဟုတ်ကဟုတ်ကတွေ။ ဒီက စိတ်မကောင်းဖြစ်နေတာ။ အင်တာဗျူးတဲ့ကောင်လေးကို ပြီးပြီးရော ဖြေလိုက်တဲ့အဖြေဖြစ်နေမှာကို Krist စိုးရိမ်မိသည်။ သံယောဇဉ်ကြီးတတ်သူမို့ မျှော်လင့်ချက်ကလည်း မိုးထိအောင် မြင့်မားသူ။ တကယ်ဆို လက်ဆောင်ပေးမယ်ဆိုတဲ့ အင်တာဗျူးကြီးမကြားရင်တောင် အဲ့လောက် မျှော်လင့်ထားမိမှာမဟုတ်ဘူး။ အခုက GMM ကို ရောက်တာနဲ့ အပေါင်းအသင်းတွေက သို့လော သို့လော မေးလာချိန်မှာ သူ့မှာ အဖြေမရှိ။ သူ တကယ်လည်းမသိ။ တကယ် သက်ဆိုင်သူကရော ဘယ်လိုဘယ်ပုံရှိလဲ။ ဖြေတုန်းက ဖြေထားပြီး သူက အခုကျ TayNew အတွဲနှင့် တပူးပူးတတွဲတွဲလုပ်ကာရှောင်နေသည်။

တစ်ယောက်တည်း မျက်နှာကြီးမှုန်ကာထိုင်နေသော Krist ကို ကြည့်ပြီး OffGun စုံတွဲလိုက် သက်ပြင်းတူတူချမိသည်။ ဒီလိုမှုန်တေနေလို့လည်း သူတို့နှစ်ဦးက Krist နဲ့ ခပ်လှမ်းလှမ်းမှာသာ ထိုင်နေသည်မဟုတ်လား။ သူတို့မပြောနဲ့၊ Mae Godji တို့ P'Jane တို့တောင် ထိုနားကို ဖြတ်မလျှောက်ကြ။ ရာသီဥတုက GMM အဆောက်အအုံအတွင်းမှာ အုံ့မှိုင်းလျက်ရှိသည်။

'Gun ပြောပြချင်လာပြီ Papi ရာ'
Off လည်ဂုတ်နားကို Gun တိုးတိုးကပ်ပြောတော့ ရင်ခုန်ရသည့်ကြားမှ စိတ်ရှုပ်မိနေသည်။

'Sing က တကူးတကတောင်းပန်ထားတာလေ။ ပြောလို့ဘယ်ဖြစ်မလဲ။'
သူ ခပ်တိုးတိုးနဲ့ပဲ Gun ကို ပြန်ထိန်းနေရသည်။ မဟုတ်ရင် သွားပြောနေမှ သူငယ်ချင်းအချင်းချင်း မျက်နှာပျက်မည့်ကိန်း။

'ပြီးတာပဲ... နောက်အကျယ် အကျယ်ဖြစ်မှ Gun ကို အပြစ်မတင်နဲ့'
ပြောပြောဆိုဆိုနဲ့ Gun က ထထွက်သွားတော့ သူ့မှာ အပြေးလိုက်ရသည်။

တိုးတိုး တိုးတိုးန​ဲ့ တွတ်ထိုးပြီး ထထွက်သွားသော OffGun တို့ကို ကြည့်ပြီး တစ်ဖက်ကို ကြည့်တော့ မှုန်တေတေထိုင်နေသော Krist ကို P'Jane တွေ့သည်။ သူ့ကို Singto အကူအညီတောင်းထားတာက မထင်မှတ်ဘဲ ကြန့်ကြာနေလို့ Singto ကိုတောင် သူ စကားသေချာမပြောဖြစ်တာ ၃ ရက်လောက်ရှိပြီ။ ဒီလို တကူးတကစီစဉ်တာလေး အထမြောက်စေချင်သည်။ ဒီကလေးနှစ်ယောက်စလုံးကို သူ ချစ်သည်။ ကြည့်နေရင်း Krist အနားကို Fiat ရောက်လာကာ နှုတ်ဆက်နေတာတွေ့သည်။

ရင်ခုန်သံမညာကြေး Or Peraya's DreamWhere stories live. Discover now