အပိုင်း - ၁၁ (z+u)

3.7K 302 19
                                    

ရင်ခုန်သံမညာကြေး
အပိုင်း - ၁၁ (u)

Kit ကို ဝင်ပေါက်ဝကနေလှမ်းတွေ့တော့ ပေါင်ပေါ်မှာ အိပ်နေတဲ့ Singto ကို New လှမ်းတို့လိုက်သည်။

"Kit..."
မမြင်ချင်ယောင်ဆောင်ပြီး တခြားဘက် သွားထိုင်ဖို့ လုပ်နေတဲ့ Kit ကို လှမ်းခေါ်ရင်း Singto က ထဖို့လုပ်ရင်း ရုတ်တရက် ယိုင်သွားလို့ Kit က အပြေးလာပြီး လှမ်းထိန်းလိုက်သည်။

"အိပ်နေရောပေါ့... P ရယ်... ဘာလို့လဲ"
Kit က ပြောရင်းနဲ့ ခုနက New နားမှာပဲ ထိုင်ချလိုက်တော့ Singto ကပါ လိုက်ထိုင်လိုက်သည်။

New ကတော့ Gunsmile တို့နား လစ်ထွက်သွားပြီ။

"P က Kit ကို စောင့်နေတာ"
P က အဲ့လိုပြောလာလို့ Kit ခိုးပြီး ပြုံးမိသည်။ သူ့ P က သူ့ကို အဲ့လိုလေးချွဲရင် သူ မနေတတ် မထိုင်တတ်ဖြစ်မိသည်။

"P နေမကောင်းဘူး Kit"
Singto နဖူးကိုစမ်းကြည့်တော့ ကိုယ်ပူနေသည်။ ဒါနဲ့ပဲ သူဝတ်ထားတဲ့ ဂျာကင်ကို ချွတ်ပြီး သူ့ Pကို ခြုံပေးလိုက်သည်။ ပြီးတော့ P'Sing ဆံပင်တွေကို ဆော့ရင်း နားထင်လေးကို နှိပ်ပေးနေသည်။

"Kit နှိပ်ပေးတာ ခံလို့ကောင်းလိုက်တာ..."
Singto က မျက်တောင်မခတ်ဘဲ Kit ကို စိုက်ကြည့်နေရင်းနဲ့ ပြောလိုက်တာ...။ Kit ရင်ထဲ တညိမ့်ညိမ့်နဲ့ လှုပ်ရှားသွားလို့ မျက်နှာတောင် နီလာသည်။

"အင်း... ခံလို့ကောင်းရင် မျက်လုံးမှိတ်ထား ... ဖုန်းမဆော့နဲ့တော့... တစ်နာရီလောက်အိပ်လို့ရသေးတယ်"
ဒီလိုကျတော့လည်း Kit က တကယ့်လူကြီးလေးလိုပင်...။ Singto အပေါ် အဲ့လိုတွေဂရုစိုက်ပေးနေတဲ့အခါ တကယ့်ကို P'Arthit ဖြစ်သွားတတ်သည်။

"Kurp... P'Arthit"
Singto က ဝမ်းသာအားရ ပြုံးရင်း Kit ကို နောက်လိုက်သည်။ ပြီးတော့ နှစ်ယောက်သား ရယ်နေကြသည်။

အချစ်ဟာ ပင်ပန်းမှုတွေကို ယူပစ်သလို ပျောက်ကင်းစေတတ်သည်လား...။ Singto ဒီနေ့ ကျောင်းမှာ အရမ်းပင်ပန်းလာတာဖြစ်သည်။ ခေါင်းကိုက်လွန်းလို့ ခေါင်းပင်မထူချင်...။ နှာကလည်း စေးနေသေးသည်။ Kit က သူ့ခေါင်းလေးကို နှိပ်ပေးနေတော့ နေလို့ကောင်းပြီး သူ အိပ်ပျော်သွားသည်။

ရင်ခုန်သံမညာကြေး Or Peraya's DreamWhere stories live. Discover now