Part 1 (z + u)

10.7K 446 16
                                    

အပိုင်း - ၁ (Unicode)

Krist's POV

"Krist ..."
P'Singto ရဲ့ခေါ်သံကို ကြားပေမယ့် ကျွန်တော် မကြားချင်ယောင်ဆောင်ပြီး ဆက်လျှောက်လာလိုက်တယ်။

"Kit ..."
အဲဒီ့ P နဲ့တော့ ခက်နေပါပြီ...။ လှည့်မကြည့်မချင်းကို လိုက်ခေါ်နေတော့တာပဲ။ ဒါပေမယ့် မျက်ရည်တွေနဲ့ဆိုတော့ ကိုယ့်ဘာသာ ရှက်နေတာနဲ့ပဲ လှည့်မကြည့်ဘဲ ဆက်လျှောက်လာခဲ့လိုက်တယ်။ မိတ်ကပ်လိမ်းတဲ့အခန်းထိရောက်အောင်ပဲ ခပ်သွက်သွက်လှမ်းနေမိတယ်။ အဲ့မှာပဲ လူက နည်းနည်းရှင်းတာမလား။ အကုန်လုံးက ရိုက်ကွင်းခန်းမှာ ရောက်နေတော့ အခု မိတ်ကပ်ခန်းထဲ ဘယ်သူမှမရှိဘူးလေ...။

ကျွန်တော်လည်း ဘေးဘီဝေ့ကြည့်ရင်း စားပွဲနားက ခုံတန်းရှည်မှာမှာဝင်ထိုင်လိုက်ပြီး စားပွဲပေါ် မှောက်အိပ်လိုက်တယ်။ ဘေးနားမှာ လူတစ်ယောက်လာထိုင်တာကို သိပေမယ့် မော့မကြည့်ချင်ဘူး။ အခုလိုအချိန်မှာ တစ်ယောက်တည်းပဲ အေးဆေးနေချင်တာ။ ငိုရလွန်းလို့လည်း မျက်လုံးတွေအစ်နေပြီလေ...။

ဘေးမှာ လာထိုင်တဲ့သူက ကျွန်တော့်ကျောလေးကို ပုတ်ပြီး ချော့နေတယ်။ ပြီးတော့ ကျွန်တော့်ခေါင်းလေးကို ပုတ်ပေးပြန်တယ်။ ရူးတော့မယ် ထင်တယ်။ သူ့အထိအတွေ့ သူ့အငွေ့အသက်တွေက ကျွန်တော့်ကို အဲ့လောက်ထိဖမ်းစားထားတာလား...။

လက်တစ်ဖက်က ခါးမှာ လာရစ်ပတ်ပြီး ကျန်တဲ့လက်တစ်ဖက်က ကျွန်တော့် ခေါင်းလေးကို အသာလေးပွတ်ပြီး နှစ်သိမ့်နေတယ်။ သူက ကျွန်တော့်ရဲ့ အစ်ကိုကြီးလေ... P'Singto ပေါ့။ ပါးစပ်ကနေလည်း 'ဘာမှမဖြစ်တော့ဘူးလေ... ပြီးသွားပြီပဲဟာ... နော် ... မငိုနဲ့တော့ ကလေးရယ် ... တိတ်ပါတော့ ... မောနေမယ်လေ ... နေလည်းသိပ်ကောင်းသေးတာမဟုတ်ဘဲနဲ့ ...' ဆိုပြီး တိုးတိုးဖွဖွလေး ရွတ်ပြီးပြောနေတယ်။

မှောက်အိပ်နေရာကနေ ကျွန်တော် သူ့ကို မော့ကြည့်လိုက်တယ်။ သူ့မျက်လုံးက စိုးရိမ်တကြီးပုံစံနဲ့ ကျွန်တော့်ကို လှမ်းကြည့်နေတာ ...။ ကျွန်တော် ဘယ်လိုမှ မထိန်းချုပ်နိုင်တော့ဘူး ...။ P လို့ ရှိုက်သံတွေကြားကနေ သူ့ကိုခေါ်ပြီး သူ့ပခုံးမှာ ကျွန်တော့်ခေါင်းကို ဝှက်ရင်း အားပါးတရ ရှိုက်ငိုလိုက်မိတယ်။ သူဟာ ကျွန်တော်နဲ့ အရင်းနှီးဆုံးသူပဲမို့ အခုအချိန်မှာ ကျွန်တော်ဘယ်လိုခံစားနေရမယ်ဆိုတာ သူကသာ နားလည်ပေးနိုင်ဆုံးဖြစ်မယ်ထင်တယ်။

ရင်ခုန်သံမညာကြေး Or Peraya's DreamWhere stories live. Discover now