👑Part-1👑

4.7K 157 6
                                    

အား...........

ကျယ်လောင်စွာ အော်သံနဲ့ အတူ..

" မိဖုရားငယ်က အခုပဲ သမီးတော်လေး တပါးကို အောင်မြင်စွာ ဖွားမြင်လိုက်ပါပြီ "

အထဲက အထိန်းတော် ရဲ့ အော်သံကြောင့် ဘုရင်ကြီးက အခန်းထဲကို အမြန်ဝင်သွားပြီး
ခလေးလေးကို ချီလိုက်ကာ

" နှမတော် ရယ် ကြည့်ပါအုံး ကိုယ်တို့ရဲ့ သမီးတော်လေး ကို မျက်လုံးလေးကလည်း အပြာရောင်လေး ကိုယ်တို့အတိုင်းပဲ  "

သမီးတော်လေး ကို မိဖုရား ရဲ့ ဘေးနားလေးမှာချထားပြီး

နှစ်ယောက်လုံးကို အပြုံးလေးနဲ့ ကြည့်နေတဲ့ Light Kingdom ရဲ့ ဘုရင်ကြီး...

" သမီးတော်လေးကို ဘယ်လို အမည်ပေးရင်ကောင်းမလည်း နှမတော် "

" အရှင့် သဘောပါ "

" Kris ဆိုရင်ရော သမီးလေးက ချစ်စရာလေး ဆံပင်ကတော့ ပန်းရောင်သမ်းနေတာပဲ အသားလေးကလည်း ဖြူဥလို့ သမီးတော်လေးက ဘယ်မျိုးရိုးကိုလိုက်မလဲ မသိသေးဘူး "

" အရှင့်မျိုးရိုးပဲ လိုက်မှာပါ kris ရဲ့ မျက်လုံးလေးတွေက အပြာရောင်လေ "

" ဒါပေမယ့် ဆံပင်ကျတော့ ပန်းရောင်လေးလေ ၁၆နှစ်ကျမှ သိရမှာပဲ အခုတည်းက စိတ်လှုပ်ရှားနေပြီ "

သမီးတော်လေးကို ကြည့်ပြီး စိတ်လှုပ်ရှားနေတဲ့ ယောကျာ်းဖြစ်သူရဲ့ လက်ကလေးကို ကိုင်လိုက်ကာ

" သမီးတော်လေးက မင်းကြီးနဲ့တော်တော်ဆင်တာပဲ "

" ဆင်မှာပေါ့ ကိုယ့်သမီးလေးပဲကို "

ထိုအချိန်အထိန်းတော်ကြီး ရောက်လာပြီး မင်းကြီးနားကို တိုးတိုးကပ်ပြောကာ

" မင်းကြီး ညီလာခံကျင်းပရမယ့်အချိန်ပါ "

" ဟုတ်သားပဲ မေ့နေတာ နှမတော်ကို သေချာ ဂရုစိုက်ပေးလိုက်ကြ နှမတော် ကိုယ်တော် ညီလာခံသွားလိုက်အုံးမယ် အမြန် ပြန်လာခဲ့မယ်နော် "

" ရပါတယ်အရှင် နှမတော်ကို စိတ်မပူပဲ သွားစရာရှိတာ သွားပါ "

" လာကြစမ်း!!! မိဖုရား အခန်းကို ငါ့ခွင့်ပြုချက်မရှိပဲ ဘယ်သူမှ မဝင်စေနဲ့ "

ᴛʜᴇ ʟᴇɢᴇɴᴅꜱWhere stories live. Discover now