👑Part-24👑

470 76 9
                                    

Prof " ဆရာတို့ကျောင်းရဲ့ အစဥ်အလာအရ အတော်ဆုံး ကျောင်းသားတွေကို ရွေးချယ်ဖို့အတွက် Magic Battle  မှော်တိုက်ပွဲ ကို ဆင်နွှဲဖို့ အချိန်ကျရောက်လာပြီ ဖြစ်တယ်

ဝင်ပြိုင်မယ့် ကျောင်းသားတွေက Class A ထဲက အရည်အချင်း ပြည့်မှီတဲ့ ကျောင်းသား အယောက် ၄၀ ပထမနှစ် အယောက် ၂၀ ဒုတိယနှစ် အယောက် ၂၀ အဖွဲ့တွေက တော့ ပထမအပတ်ထဲက ရွေးချယ်ထားပြီးသားဖြစ်လို့ အခုပြိုင်ပွဲအကြောင်းကိုပြောပြပါမယ်

ကျောင်းသားတွေအနေနဲ့ ပြိုင်ပွဲ ၅ ခုကို ယှဥ်ပြိုင်ရမယ် ပွဲစဥ် ယှဥ်ပြိုင်ဖို့အတွက် နေရာ က တော့ မဲနှိုက်ပြီး ဆုံးဖြတ်ရမယ်
ပထမဆုံးပြိုင်ပွဲကို နောက်တပတ်ကျရင် စတင်မယ် .... အဖွဲ့ ၁၀ဖွဲ့ထဲက ၂ ဖွဲ့ကို ထုတ်ပယ်မယ် First Match ရဲ့ နာမည်က ' Defeat the beast ´( သားရဲကို အနိုင်ယူပါ ) ပြိုင်ပွဲ ကျင်းပမယ့် နေရာက တော့ အခုပဲ မဲနှိုက်ပါမယ် "

ဆရာက ပြောပြီး တာနဲ့ စာလိပ်တွေထဲက တလိပ်ကို နှုိက်နေသည်..

luna " ဘယ်နေရာဖြစ်မလဲ မသိဘူး ရင်ခုန်စရာကြီး "

kris " luna က ဘယ်နေရာ ဖြစ်စေချင်လည်း "

luna " သိဘူး တို့ရဲ့ အားနည်းချက်က မြေကြီးကွာ ကျောက်တောင်တွေဘာတွေဆို အားအရမ်းသုံးရတာ အာ့ကြောင့် ခက်ခဲ လျှပ်စစ်နယ်မြေဆိုလည်း သိပ်မကောင်းဘူး... "

kris " Final က ဘယ်နယ်မြေမှာ ကျင်းပမှာက အရေးပိုကြီးတာ "

luna " ဟုတ်တယ်... စာလိပ်ဖွင့်နေပြီ...ဟူး..."

ကျောင်းအုပ်က စာလိပ်ကို ဖြေလိုက်တော့ စာလိပ်ရဲ့ အပေါ်တွင် ပေါ်လာသည့် ကျောက်တောင်များနဲ့ စိမ်းလန်းနေသည့် တောပုံ ပေါ်လာသည်...

Prof " ကဲ ပထမပြိုင်ပွဲ ကျင်းပမယ့်နေရာကတော့ Earth နယ်မြေ ဖြစ်တဲ့ Gray Forest မီးခိုးရောင် သစ်တော ဖြစ်ပါတယ် တည်နေရာ ကတော့ Greenland  ( Henry ရဲ့ တိုင်းပြည် ) ထဲမှာဖြစ်ပြီး တောအမျိုးအစားကတော့ အမြဲစိမ်းတောအမျိုးအစားပါ တောရဲ့ အနောက်ဘက်မှာ တောင်တွေများစွာရှိတယ်

မှော်ကန့်သတ်ချက်မရှိဘူး ကိုကျွမ်းကျင်တာအကုန်သုံးခွင့်ရှိတယ် ဂါထာတွေ ညစ်တာတွေ ဘာမှမလိုချင်ဘူးနော် အဲ့လိုတွေ သုံးတာကို သိတာနဲ့ပြိုင်ပွဲက ချက်ချင်း ထုတ်ပယ်ပစ်မယ်

ᴛʜᴇ ʟᴇɢᴇɴᴅꜱWhere stories live. Discover now