👑Part-27👑

470 67 13
                                    

" ထိခိုက်မိတာရှိလား "

" မရှိပါဘူး "

" omm "

kris က သူ့ရဲ့ အပေါ်က ထပ်ဝတ်ထားတဲ့ ဝတ်ရုံလွှာကို ချွတ်လိုက်ပြီး ဘေးက ကျောက်ဖျာပေါ်ခင်းလိုက်ကာ

" ren ဒီပေါ်မှာ အိပ်လိုက် "

" နင်ကရော "

" ကိုက မအိပ်ဘူး ဒီတိုင်း ထိုင်နေမှာ "

* တကယ်တော့ ဒီညတော့ မအိပ်ချင်တော့ဘူး မင်းမျက်နှာလေး ပဲ တညလုံး ထိုင်ကြည့်ချင်နေတာ 
ငါတချိန်လုံး အဝေးကပဲ ကြည့်ခဲ့ရတဲ့ မျက်နှာလေးကို အခုအနီးကပ် တဝကြီး ကြည့်လို့ရပြီ *

" hey... စိတ်တွေက ဘယ်ရောက် ခေါ်နေတာမကြား ပြုံးပြုံးကြီးကြည့်နေတာ "

ကျောက်ဖျာပေါ် လက်ထောက်ပြီး siren ကို ငေးကြည့်နေတဲ့ kris လက်မောင်းကို သူမက ကိုင်လှုပ်ကာ မေးလိုက်သည်

" humm. ..ဘယ်မှမရောက်ပါဘူး ဒီတိုင်း တခုခုတွေးမိလို့ နည်းနည်း အေးစိမ့်စိမ့်နဲ့ မီးမွှေးဖို့ ဟိုနားက သစ်ကိုင်းသွားကောက်လိုက်မယ် "

သူစိုက်ကြည့်နေတာကို လူမိသွားတော့ ရှက်သွားပြီး ကျောက်ဖျာနဲ့ မနီးမဝေးက သစ်ပင်ကနေ သစ်ကိုင်း တွေ သွားချိုးနေသည်

သစ်ကိုင်းတချို့နဲ့ ပြန်လာပြီး မီးပုံလေး လုပ်ပြီး သူမရဲ့ မီးကို ထည့်ကာ မီးမွှေးလိုက်သည်... မီးပုံဘေးမှာ ထိုင်နေရင်းနဲ့ siren က kris ဘေးမှာ ဝင်ထိုင်လိုက်ကာ

" မင်း ရေမချိုးချင်ဘူးလား ပြိုင်ပွဲကြောင့် ချွေးတွေ သွေးတွေနဲ့ လူလည်း ချဥ်စော်နံနေပြီ ဟိုနားမှာ ရေကန်ရှိတယ် ရေသွားချိုးမလား "

သူပြောမှ ကိုယ့်ကိုယ်ကိုပြန်ကြည့်မိသည် တနေ့လုံး ပြိုင်ပွဲကြောင့် ပြေးလိုက်လွှားလိုက်နဲ့ လူလည်း ကြွက်စုတ်ရုပ်ဖြစ်နေပြီ ရေသွားချိုးသင့်တဲ့ သူမရဲ့ အကြံကို ေထာက်ခံရင်း ရေကန်ဘက် လမ်းလျှောက်လာခဲ့သည်...

........

ရေကန်ဆီကို ရောက်တော့ siren က သူမရဲ့ အဝတ်အစားတွေကို ချွတ်ရင်း

" kris ဟိုဘက်လှည့်နေလေ ဘာလို့ ကြည့်နေတာလဲ "

" hum ဟုတ်ဟုတ် "

ᴛʜᴇ ʟᴇɢᴇɴᴅꜱWhere stories live. Discover now