👑Part-35👑

669 59 13
                                    

Alex " မနာမကျင်နဲ့ အဆုံးသတ်ပေးမယ်နော် "

Grace " နင်က လေကြီးဖို့ သက်သက်မွေးလာတဲ့ပုံပဲ "

ပြိုင်ပွဲက ပြင်းထန်လာသည် အပြင်အထိပါ လျှပ်စစ်တွေ ထွက်လာတော့ ကျောင်းအုပ်ကနေ ပြိုင်ပွဲကို အကာအကွယ်နဲ့ အုပ်ပြီး ကာလိုက်ရသည်..

Grace ရဲ့ ကြာ​ပွတ်နဲ့ Alex ကိ​ုချုပ်မိသွားပြီး

Grace " ပွဲသိမ်းတိုက်ကွက်​ကို ပြရမှာပဲ မင်းကို သင်ခန်းစာရစေချင်တာကတော့ အမြဲတမ်း ပြိုင်ဘက်ကို အထင်မသေးနဲ့ဆိုတာပဲ "

Alexကိုချုပ်ထားပြီး အပေါ်က နေ မိုးကြီးတခုပစ်ချလိုက်သည်..

အမြန်ဆေးကုသတဲ့ လူတွေရောက်​လာပြီး Alex ကို ပြိုင်ပွဲအတွင်းက ထုတ်သွားသည်..

" ဒီနှစ်ရဲ့ Lightning Queen ကတော့ ပထမနှစ်ကျောင်းသူလေး Grace Wan !!! ပဲ ဖြစ်ပါတယ် "

အားလုံးက လက်ခုပ်တွေ​တီးပြီး အားပေးနေပေမယ့်

queen stella " ​alex က ရှုံးသွားတယ်တဲ့ လား ညီမတော်ရဲ့ သမီးက ပထမနှစ်ကလေးကို တောင်မနိုင်ပါ့လား "

" alex က အခု​တလော နေမကောင်းလို့ အားနည်းနေတာပါ အဲ့ကလေးမက အချိန်ကောင်းနဲ့ တိုက်ဆိုင်သွားတာ "

" haha ဟုတ်ပါပြီ "

" kris ကိုလည်း မေ့ထားလို့မရဘူးနော် သူက queen တောင်ဖြစ်နေပြီ "

" ပြိုင်သူမရှိလို့ queen ဖြစ်တာပဲ အထင်ကြီးစရာလား ညီမတော်ရယ် ပြီးရင် ရှုံးမှာပဲက်ို ထုံးစံအတိုင်း ဒီနှစ်ရဲ့ အနိုင်ရသူက siren လေးပဲ ဖြစ်လာမှာ "

Light kingdom ရဲ့ မိဖုရား နှစ်ယောက်က ပြိုင်ပွဲကို ကြည့်ပြီး ပြောနေသည်..

" Air မျိုးနွယ်စုကို ကိုယ်စားပြုတဲ့ Queen Luna နဲ့ ဒီနှစ်ရဲ့ အသစ်လေး Wendy တို့ရဲ့ Battle ဖြစ်ပါတယ် ဒီတခေါက်မှာရော ဘယ်သူက အနိုင်ရရှိပြီး Air မျိုးနွယ်စုကို ကိုယ်စားပြုတဲ့ Queen ဂုဏ်ပုဒ်ကို ရသွားမလဲဆိုတာ စိတ်၀င်စားဖို့ကောင်းနေပြီနော် Battle Start !!!!"

" Luna Luna Luna !!!! Luna "

ကွင်းပြင်ဘေးပတ်၀န်းကျင်က လူတွေက luna ကို ၀ိုင်းအားပေးနေသည်

ᴛʜᴇ ʟᴇɢᴇɴᴅꜱWhere stories live. Discover now