👑Part-4👑

554 78 2
                                    

lucy ဆီမှ ထွက်လာပြီး
အဆောင် ပြန်နေရင်း
ရေကန်နားရောက်တော့ kris က ရပ်လိုက်ပြီး

" ပြန်နှင့်လေ ငါ ဒီမှာ ခဏနေပြီးရင် လာခဲ့မယ် "

" hum imm မြန်မြန်ပြန်လာနော် "

" omm "

Grace ထွက်သွားတော့ ရေကန်ကြီးကို စိုက်ကြည့်နေရင်း

* အာရုံစုစည်း ရမယ် ဟူး......လုပ်ပါ နည်းနည်းလေးပဲ ဖြစ်ဖြစ်ထွက်လာစမ်းပါ တဘဝလုံး siren လက်ထဲမှာ နစ်မွန်းရမဲ့အစား စွမ်းအားထွက်လာအောင်ပဲ ကြိုးစားရမယ်... *

လက်ဖဝါး နှစ်ဖက်ကို ​ဖြန့်ပြီး မီးရအောင် ထုတ်ကြည့်နေတဲ့ kris
အတွေးတွေက အရင်က ဖြစ်ခဲ့တာတွေကို ပြန်သတိရသွားပြီး

Flashback....

10 နှစ်အရွယ်ကလေးမတဦး အပင်ကြီး တပင်အောက်မှာ ရေတွေ စိုရွဲပြီး ငိုနေတယ်
သူ့အနားကို လူကြီးတယောက်က ရောက်လာပြီး

" Kris လေး ဘာလို့ငိုနေတာလဲ ရေတွေလည်း ရွဲလို့ "

" Daddy 😭 ဟင့် သ..သမီး...သမီးကို "

" ပြီးမှပြော တိတ်တော့နော် မငိုနဲ့တော့ "

ရှိုက်ငိုနေတဲ့ ကလေးမလေးကို ဖက်ထားပေးပြီး ကျောလေးကို ပွတ်ပေးနေကာ ခဏကြာတော့ သူမက အငိုတိတ်သွားလေသည်

အဲ့အခါမှ

" ကဲ သမီးလေးပြော ဘာဖြစ်လို့ငိုနေတာလဲ "

" သမီးကို siren က ရေနဲ့ပက်လိုက်တာ Queen Stella က siren ကို Water magic ဘယ်လိုထုတ်ရမလဲ ဆိုတာ သင်ပေးရင်း သမီးကို သူ့ရှေ့မှာ ထိုင်ခိုင်းပြီး ေရနဲ့ မွန်းနေအောင် ပက်ခိုင်းတာ "

ရှိုက်ရှိုက်ပြီး ေပြာနေတဲ့ သမီးတော်လေးကို ကြည့်ပြီး ဝမ်းနည်းမှုနဲ့ ဒေါသတွေပါ ထွက်နေတဲ့ ဘုရင် max

" တော်စ်.!!!! Stella ကွာ Daddy ပြောလိုက်မယ် နောက် ငါ့သမီးကို ဒီလိုမလုပ်ဖို့ သမီးအတွက် ဒီနန်းတော်က မလုံခြုံတော့ဘူး သမီးကို Firey မြို့ကို ပြန်ပို့မှဖြစ်မယ် "

" သမီးမသွားချင်ဘူး Daddy နဲ့ မခွဲနိုင်ဘူး "

" Daddy က ခဏခဏ လာလည်မှာပါ သမီးရဲ့ ဒီတိုင်းပြည်မှာ Daddy ရဲ့ အာဏာမသက်ရောက်ဘူးသမီးရဲ့ ဒယ်ဒီ လုပ်ချင်တာလည်း လုပ်မရဘူး...အဆိုးဆုံးက သမီး ရဲ့ မယ်တော်ကိုတောင် မကာကွယ်ပေးနိုင်တာပဲ...ဒီနေ့က သမီးအတွက် အရမ်းအန္တရာယ်များတယ်...သမီး အဖိုးတွေဆီကို သွားရမယ်... "

ᴛʜᴇ ʟᴇɢᴇɴᴅꜱWhere stories live. Discover now