👑Part-6👑

512 80 0
                                    

Jessi " ငါ့ အစ်မတော်နဲ့ ဘာပြောမလို့လဲ ဘာလဲ ငါ့ကို ထပ်အနိုင်မကျင့်ပါနဲ့လို့ တောင်းပန်မလို့လား haha "

Kris " နင့်ရဲ့ အသုံးမကျတဲ့ ပါးစပ်ကို ​ကိုယ့်ဘာသာ ပိတ်မလား ငါပိတ်ပေးရမလား "

Jessi " နင်! !!."

နှစ်ယောက်သား ရန်ဖြစ်တော့မယ် ပုံပေါ်နေတာကြောင့်

Siren " တော်စမ်း ရန်မဖြစ်ကြနဲ့ ပြောစရာရှိတာ မြန်မြန်ပြောပြီး ထွက်သွားတော့ "

kris " ပြောမှာပါ ဒီမှာတော့မဟုတ်ဘူး "

Siren ရဲ့ လက်ကို ကိုင်လိုက်ပြီး ထိုနေရာကနေ ဆွဲခေါ်သွားသည်...
ဟိုကတော့ ကြောင်တောင်တောင်လေး နဲ့ kris နောက်ပါလာတယ်
လူရှင်းတဲ့နေရာရောက်မှ သူ့လက်ကို ဆွဲထားမှန်းသတိရပြီး

" လွှတ်ငါ့လက်ကို ဘာကိစ္စ လာကိုင်တာလဲ "

kris ရဲ့ လက်ကို ဖယ်ချလိုက်ပြီး

" ဟိုဘက်မှာဆို မင်းရဲ့ ညီမ အစုတ်ပလုပ်ကြောင့် ပြောလို့မရဘူးလေ အာ့ကြောင့် ဆွဲခေါ်လာရတာ သာသာကြည်ကြည်မှ မလိုက်ပဲကို "

" နင်! !! ထားလိုက်တော့ ဘာလဲ ပြောစရာရှိတာက "

" မနေ့က ညနေက ငါ့ကို ဘာလို့ ကယ်လာတာလဲ "

" မနေ့က ညနေက.... ဘာတွေပြောနေတာလဲ ဘာမှမသိဘူး "

" Ren! !!! "

" ငါ့ကို အဲ့လိုလာမခေါ်နဲ့ နင်နဲ့ ငါနဲ့က လွန်ခဲ့တဲ့ ၆ နှစ်တည်းက ရန်သူတွေ ဖြစ်နေတာ အမြဲတမ်း ရန်သူပဲ ဖြစ်နေဦးမှာ "

" ငါ ဂရုမစိုက်ဘူး ငါခေါ်ချင်သလို ခေါ်မယ် "

" မင်း !!! "

ပါးရိုက်မလို့ ဟန်ပြင်လိုက်တော့

" ရိုက်လိုက်လေ "

kris က ပါးကို ထိုးပေးလာတော့ မရိုက်တော့ပဲ လက်ပြန်ဆုတ်သွားကာ

" ပြောစရာ မရှိရင် ပြန်တော့မယ် "

လှည့်ပြန်တော့မယ့် Siren ကို
လက်ကနေဆွဲကာ သူ့ဘက်လှည့်ကာ
Siren နဲ့ မျက်နှာချင်းဆိုင် ဖြစ်သွားပြီး
သူမ လက်မောင်းနှစ်ဖက်ကို ကိုင်ချုပ်ကာ
မျက်လုံးကို စိုက်ကြည့်ပြီး

ᴛʜᴇ ʟᴇɢᴇɴᴅꜱWhere stories live. Discover now