👑Part-17👑

448 60 2
                                    

" မင်းဒီမှာစောင့်နေ ငါသွားဖမ်းလိုက်မယ် "

ခဏကြာတော့ ဖမ်းလာတဲ့ ကောင်မလေးနဲ့ အတူ ဂိုထောင်ထဲ ပြန်လာကာ

" သခင်မလေး... !!"

" သခင်မလေး.... ဒီကလေးမက မင်းတို့ခေါင်းဆောင်လား...haha ဒီ...သေးသေးလေးကလေ "

ဖမ်းလာတဲ့ ကောင်မလေးကို လက်ညှိုးထိုးပြီးပြောလိုက်သည်...

အဖြစ်အပျက်တွေကို ချောင်းကြည့်နေတဲ့ kris က

* ဘယ်သူက လူကောင်းလည်း ဘယ်သူက လူဆိုးလည်း....ငါက ကယ်ရမှာလား...ထားခဲ့ရမှာလား... ဖမ်းလာတဲ့ ကောင်မလေးနဲ့ ရော ဘယ်လိုပက်သက်တာလဲ... ဆက်စောင့်ကြည့်တာပဲ ကောင်းပါတယ် *

" ငါတို့သတ်ချင်သတ်လိုက် သူ့ကိုလွှတ်ပေးလိုက်! !!"

" ဘာလို့လွှတ်ပေးရမှာလဲ! !! မင်းတို့ ဒီမြို့ကို ဓားပြ လာလာတိုက်နေတာ ဘယ်နှကြိမ်မှန်းမသိတော့ဘူး.. ကောင်းကောင်းလည်းမတိုက်ဘူး ပြီးရင် မီးရှို့ရှို့သွား...ငါတို့တိုင်းပြည်အတွက် ဆုံးရှုံးမှုတွေ အရမ်းများတယ်...ငါ့ကို အထက်က အမိန့်ပေးထားတယ် နောက်ထပ် အဲ့လိုအမှုတွေ မဖြစ်လာအောင်တားဆီးဖို့... အဲ့လိုလုပ်ဖို့ဆိုရင် မင်းတို့တွေအကုန်လုံးကို သတ်ပစ်မှရမယ် ကဲပြောစမ်းပါ မင်းတို့လိုကလေကချေတွေ နေတဲ့ နေရာ "

" မပြောဘူး သတ်လိုက်! !!! "

" ဓားပြမတိုက်ပဲ ကောင်းတဲ့ အလုပ်လေး လုပ်ကိုင်စားသောက်ကြပါလား ဘာလို့ ရာဇဝတ်မှုတွေ လုပ်နေတာလည်း မင်းတို့ကြည့်ရတာ အရမ်းငယ်သေးတယ် ဒီကလေးမဆို ၁၄ လောက်ပဲ ရှိအုံးမယ် မင်းတို့က ၂၀မပြည့်သေးဘူး ဘာလဲ အိမ်ယာမဲ့တွေလား မိဘမဲ့ လေးတွေ "

" ဟုတ်တယ် ငါတို့ က စွန်ပစ်ခံထားရတဲ့လူတွေ အဲ့တာကြောင့် ကိုယ့်ဝမ်းစား ကိုယ့်ဘာသာရှာစားတာ ဘာဖြစ်လဲ! !!"

" ရှာစားတာက ဘာမှမဖြစ်ပါဘူး ဒါပေမယ့် မင်းတို့က နည်းလမ်းမှားနေတာကို "

" ဆရာ ဆရာပြောတဲ့လူ လာပါပြီ "

" တရားသူကြီးမင်း...အားနာပါတယ် ဗျာ ဒီအထိလာခိုင်းရလို့... "

" ရပါတယ်ဗျာ ကျွန်တော်ရောက်ပြီဆိုတော့ ဘာလုပ်ပေးရမလဲ "

" ဒီကလေးတွေကို ကျွန်တော်မေးတာကို အမှန်အတိုင်းဖြေနိုင်အောင်လုပ်ပေးပါ "

ᴛʜᴇ ʟᴇɢᴇɴᴅꜱOù les histoires vivent. Découvrez maintenant