👑Part-15👑

477 57 4
                                    

" ဒီကျောင်းမှာ အဲ့တာတွေမသင်ဘူးလေ "

Kris " Julia. ..! "

Julia " hi. ....kris နဲ့ grace. .."

Grace " အစ်မ စာအုပ်လာဖတ်တာလား "

Lia " ဟုတ်တယ် ညီမလေးရဲ့ ညီမတို့ရော "

Grace " kris လေ စာအုပ်ဖတ်ချင်တယ်ပြောလို့ အဖော်လိုက်ပေးတာ "

Lia " ဟုတ် ဟုတ် ဖတ်ကြလေ အစ်မ ဟိုဘက်သွားအုံးမယ် "

Kris " ခဏလေး.. ခုဏက ပြောတာ ဘာအဓိပ္ပါယ်လဲ ဒီကျောင်းမှာ မသင်ဘူး ဆိုတာက "

Lia " အော်... ဟိုဘက်မှာထိုင်ရင်းပြောကြရအောင် "

Kris " ဟုတ်... grace ငါတို့ နှယောက်တည်း ခဏပြောစရာရှိလို့ "

Grace " omm omm ငါ ဒီမှာစောင့်နေမယ် "

grace ကို ထားပြီး စာကြည့်တိုက်ထဲက လူရှင်းတဲ့ ထောင့်ဆုံး ဝိုင်းမှာ သွားထိုင်ကြပြီး

Kris " အစ်မ မနေ့က ဘယ်မှာလဲ "

Lia " Hum... ဘာကို ဘယ်မှာလဲ လဲ ကျောင်းမှာပေါ့ တို့က မင်းတို့လို အဖော်လည်း မရှိတော့ လျှောက်မလည်ရဘူးလေ "

Kris " လျှောက်လည်တယ်ဆိုတာ ဘယ်လိုလုပ်သိလဲ "

Lia " အမ်......အဲ့တာက မင်းငါ့ကို ဘာမေးချင်တာလဲ မရှိရင် သွားတော့မယ် "

* သူက...တခုခုကို ဖုံးကွယ်ထားသလိုပဲ ဘာဖြစ်မလဲ......... ဟုတ်သားပဲ ဆေးရည်ပုလင်း ကိစ္စ မေးရအုံးမယ် အခုချိန်မေးလိုက်ရင် ထပြန်မှာ ကျိန်းသေတယ် အရင် အကြောင်းမေးရမယ် ဆေးရည်က နောက်မှ မေးတော့မယ် *

Kris " ဒီကျောင်းမှာ spell တွေ မသင်ဘူးဆိုတာ ကို သိချင်တာပါ "

Lia " အော်... အရင်က ဒီကျောင်းကို တည်ထောင်ကာစက ကိုယ်ရဲ့ မျိုးရိုးအလိုက် စွမ်းအားရော ကိုယ့်ရဲ့ ကိုယ်ပိုင်အစွမ်း မြှင့်ပေးတာရော အတိုက်အခိုက်နဲ့ မှော်သုံးလို့ရတဲ့ ဂါထာတွေ အကုန် သင်ပေးခဲ့တယ် ဒါပေမယ့် Martha ဆိုတဲ့ ကျောင်းသားက ဒီကျောင်းက သင်ပေးတဲ့ ဟာတွေကို အသုံးချပြီး စွမ်းအားကြီးသွားပြီး မျိုးနွယ်စု တွေကို လိုက်ဖျက်ဆီးခဲ့လို့
သူ့ကို နှိမ်နှင်းပြီး နောက်ပိုင်း..... တော်တော်ကြာတော့ ဂါထာတွေ မသင်တော့ဘူး ကိုယ်နဲ့ သက်ဆိုင်တဲ့ ဟာပဲ သင်တော့တယ် အပိုတွေမသင်တော့ဘူး ဂါထာစာအုပ်တွေ သူနဲ့ ပက်သက်တာတွေအကုန် တားမြစ်ပစ္စည်း အဖြစ်သတ်မှတ်လိုက်ပြီး ကျောင်းမှာတွေ့ရင် အရေးယူတယ် ကျောင်းထုတ်တဲ့ အထိပေါ့ အထူးသဖြင့် မီးမျိုးနွယ် တွေကို ပိုတင်းကြပ်ထားတယ်! . " (

ᴛʜᴇ ʟᴇɢᴇɴᴅꜱWhere stories live. Discover now