👑Part-22👑

486 67 24
                                    

ချောက်ကမ်းပါး အစွန်းမှာ ထိုင်နေကြတဲ့ luna နဲ့ julia. ..
နေဝင်ချိန်ညနေဆည်းဆာအလှကို ငေးမောကြည့်နေရင်း

luna " နင်ငါ့ကို ဘာလို့ ဒီခေါ်လာတာလဲ "

" တောင်းပန်ပါတယ် ...ငါစိတ်မထိန်းနိုင်လို့ အဲ့လိုပြုမူမိသွားတာ... "

" ငါ့ကိုပြန်ပို့ပေး! "

" ခဏလေး... နေဝင်သွားတာနဲ့ပြန်ပို့ပေးမယ် "

" ငါ့ဘေးမှာ သူငယ်ချင်းအဖြစ်နဲ့နေနိုင်တယ်ဆိုပြီး အခုကျတော့ အရင်ကလို ငါ့ကို အတင်းရယူဖို့ကြိုးစားတယ်! ငါ့ခန္ဓာကိုယ်ကို ရခဲ့ရင် ငါ့အချစ်ကို ရနိုင်မယ်လို့နင်ထင်နေတာလား ဂျူလီယာ! ! ဖြေလေ! !! နင်တကယ် ဘာတွေ စိတ်ကူးနေတာလဲ "

luna ပြောသမျှကို ခေါင်းလေးငိုက်စိုက်ကာ ဘာမှပြန်မပြောပဲနားထောင်နေတဲ့ lia

" နင် တခြားတယောက် နဲ့တွဲတာ လက်မခံနိုင်လို့ "

" ငါ တွဲချင်တဲ့သူနဲ့တွဲမယ် ဒါငါ့ဘဝ ငါ့ဘဝကိုငါ စိတ်တိုင်းကျပြုလုပ်လို့ရတယ် နင်နဲ့လုံးဝမဆိုင်ဘူး "

" ငါက နင့်ဘဝရဲ့ တစိတ်တပိုင်း ဖြစ်ချင်တာကို ငါနင့်ကို ချစ်တယ် ငါ့ဘဝမှာ ဘယ်သူ့ကိုမှ နင့်လောက်မချစ်ဘူး ဘာလို့လဲ ခရစ်စ်က ငါ့ထက်ဘာတွေသာနေလို့ နင်သူ့ကို ရွေးချယ်ရတာလဲ! "

" သူက ငါ့ကို ဂရုစိုက်တယ် နင့်လို မကြမ်းတမ်းဘူး အကျင့်လည်းကောင်းတယ် ငါ့အချစ်ကို ရဖို့ နင့်လို အောက်လမ်းနည်းတွေမသုံးခဲ့ဘူး ငါရဲ့ ဆန္ဒကို ဦးစားပေးတယ် စကားတည်တယ် ပြီးတော့ "

" တော်တော့ မပြောနဲ့တော့ "

" ပြီးတော့သူ့မှာကြင်နာတတ်တဲ့ နှလုံးသားရှိတယ် "

" ချစ်တဲ့ မျက်စိနဲ့ ကြည့်တော့ အကောင်းတွေပဲ မြင်တာပေါ့.... Julia ရာ မင်းဘဝက ကံဆိုးလိုက်တာ..မင်းကို ချစ်ပေးမယ့်လူ ဂရုစိုက်ပေးမယ့်လူ တယောက်မှမရှိလို့! !"

နေမင်းကြီးကိုကြည့်ကာ အော်ညီးလိုက်သည် ...

" ...မျက်နှာ ဒီဘက်လှည့်အုံး "

luna က lia ထိုင်နေတဲ့ ဘက်ကို တိုးကာ လီရာ့ မျက်နှာကို သူမဘက်သို့ ဖွဖွလေး ကိုင်လှည့်လိုက်ပြီး

ᴛʜᴇ ʟᴇɢᴇɴᴅꜱWhere stories live. Discover now