👑Part-18👑

496 63 8
                                    


" မင်းတို့ကို ဘယ်သူက မြို့ကို ဖျက်ဆီးခိုင်းတာလဲ ငါလည်း အမိန့်မပေးပဲ နဲ့ ဘာလို့ ဒီလိုလာတိုက်တာလည်း! !!!!! "

" ခေါင်းဆောင် ......"

" ငါမေးနေတယ်လေ!!!!! "

" သခင် louis က ခိုင်းတာပါ အစကတော့ ပုံမှန်ပဲ တိုက်ခိုင်းတာ ဒါပေမယ့်.... "

" ဒါပေမယ့် ဘာဖြစ်လဲ "

" ရိက္ခာတွေက မရှိတော့ဘူး သူတို့တွေနေရာပြောင်းပြီး ကျွန်တော်တို့လူတွေကို ထောင်ဖမ်းတာ ပြီးတော့...သတ်ပစ်လိုက်ကြတယ် အဲ့ထဲမှာ.......Daisy လဲ ပါသွားတယ် "

" ဘာ! !!!!!! Daisy က ဘယ်လိုဖြစ်ပြီး.... "

" ကျွန်တော်တို့ သခင်မလေးကို တားပါသေးတယ် ဒါပေမယ့်... ဒါပေမယ့် မရဘူး သူလည်း ထွက်ပြီး တိုက်ချင်တယ်ပြောပြီး ခိုးလိုက်ခဲ့တာ "

" တောက်စ် မင်းတို့က လူတယောက်လုံး ခိုးလိုက်တာတောင်မသိကြဘူးလား! !!! "

" သူတို့ကို မသတ်ခင်နှိပ်စက်ပြီးတော့ ကျွန်တော်တို့တည်နေရာကို မေးတယ် ဖမ်းထားတဲ့ ထဲက တယောက်က လွတ်လာပြီး ကျန်တဲ့ သူတွေကို ကယ်ခိုင်းတယ် ကျွန်တော်တို့ လာကယ်တော့ အချိန်လွန်သွားခဲ့ပြီ..... မထူးတော့ဘူးဆိုပြီး သခင် louis က မြို့ကို ဖျက်ဆီးခိုင်းတော့တာပဲ "

" Daisy သေသွားတော့ သူတော်တော် ခံစားနေရမှာပဲ အစတည်းက ခိုးမလိုက်ခဲ့သင့်ဘူးကွာ မင်းတို့တွေ အကုန် တပ်ဆုတ်တော့
louis ရော ဘယ်မှာလဲ "

" သခင် louis က မြို့လယ်မှာ တိုက်နေတယ် "

" တောက်စ် ကွာ သေတော့မှာပဲ ငါ louis ကို ခေါ်ထုတ်ခဲ့မယ် မင်း ကျန်တဲ့လူတွေကို ဆုတ်ခိုင်းလိုက် "

" ဟုတ်ကဲ့ ခေါင်းဆောင် "

* ငါ ဘယ်လို လုပ်ရမလဲ ဟိုဘက်ကလဲ ဝင်တိုက်ရအုံးမယ် louis ကွာ စိတ်အေးအေးနဲ့ မဖြေရှင်းဘူး ကိုယ်ပွားပြီးတော့ သွားတိုက်ရမယ် *

မျက်နှာဖုံး အမည်း တပ် လိုက်ကာ
ကိုယ် ၃ကိုယ်ပွားလိုက်ပြီး အစစ်က luna ဆီကို သွားကာ ကျန်တဲ့ နှယောက်က louis ကို လိုက်ရှာ နေသည်

Luna " Julia! !! ဘယ်တွေသွားနေတာလည်း ဒီမှာ ဒဏ်ရာ ရတဲ့သူများနေပြီ "

Julia " sorry ဟိုဘက်ခဏသွားနေတာ "

ᴛʜᴇ ʟᴇɢᴇɴᴅꜱWhere stories live. Discover now