👑Part-36👑

306 31 2
                                    

kris က ဘုရင်မအဆောင်ကို စိတ်စွမ်းအားနဲ့သွားလိုက်သည်

" နင့်လို နိမ့်ကျတဲ့လူက ငါ့အိပ်ခန်းထဲကို ငါ့ခွင့်ပြုချက်မပါပဲလာရဲတယ်ပေါ့ "

" အရှင်မ ကျွန်ုပ်အပေါ်ကို ဘာတွေ လုပ်ဖို့ကြံစည်နေလဲဆိုတာ ကျွန်ုပ်စိတ်မ၀င်စားဘူး အခုလာခဲ့တဲ့အကြောင်းရင်းက ဘာကြောင့်များ siren ကို ပစ်ထားပြီးတော့ မကုသပေးတာလဲ ဘာကြောင့်များ siren ရ​ဲ့ အဆောင်ကို လူ၀င်ထွက်မရအောင်ထားထားတာလဲ ဘာကြောင့်များ ကိုယ့်သမီးတော်ကိုယ် ညှင်းပန်းနှိပ်စက်နေရတာလဲ အရှင်မရဲ့ အတ္တတွေ​က အပြစ်မဲ့တဲ့ siren ကို လောင်ကျွမ်းစေနေပြီ  "

" အခုချက်ချင်း တိတ်စမ်း !!! မင်းကများ ရာရာစစ ငါတို့ အရေးကို ၀င်စွက်ဖက်ရဲတယ်ပေါ့ အစောင့်တွေလာစမ်း ငါ့အခန်းထဲက အမှိုက်ကို ချက်ချင်း ရှင်းထုတ်သွားစမ်း "

အစောင့်တွေ၀င်လာတော့

" ငါ့ကို လာမထိနဲ့ ငါ့အသားကို ထိတာနဲ့ မင်းတို့နေရာမှာတင် ပြာဖြစ်သွားရလိမ့်မယ် "

အစောင့်တွေလည်း kris ရဲ့ စွမ်းအားကို ကြောက်တာကြောင့် အနားမကပ်ရဲပဲ ​ေ၀း​ေ၀းက ပဲ ရပ်နေကြသည်

"siren ကို ဘယ်လိုကုသရမလဲပြောပါ အဲ့တာပြောပြီးတာနဲ့ ကျွန်ုပ်ထွက်သွားမှာပါ "

" ငါသမီးငါ ကယ်တင်မှာပါ အခုက သူလုပ်ခဲ့တဲ့ အပြစ်အတွက် အပြစ်ခံယူနေတာ "

" အရှင်မက တော်တော်ရက်စက်ပြီး နှလုံးသားမရှိတဲ့သူပဲ ရတယ်လေ ren ကို ကျွန်ုပ်ဖာသာ ကယ်တင်မယ် "

အစောင့်တွေကို တွန်းထုတ်ပြီး အခန်းပြင်ကို ထွက်သွားသည်

ဘုရင်က ဖြစ်ခဲ့တာတွေ ပြန်တွေးရင်း

* Kris ရဲ့ aura က အလွန်များတာပဲ siren ထက်ကျော်သွားပြီ သူ့ရဲ့ ခမည်းတော်ထက်တောင် ကျော်နေပြီ မကြာခင် ပြိုင်ဘက်ကင်းလာလိမ့်မယ် အချိန်ကြာလာတာနဲ့ ပြိုင်ဆိုင်ဖို့ မလွယ်တော့ဘူး ငါသူ့ကို အမြန်ရှင်းပစ်မှပဲ ​ေနောက်ပြီး သူ့မျက်၀န်းတွေ siren အကြောင်းပြောတာနဲ့ သူ့မျက်၀န်းတွေက ထူးဆန်းနေတယ် တမျိုးပဲ siren က သူ့အားနည်းချက် ဖြစ်ဖို့များတယ် siren ကိုအသုံးချပြီး သူ့ကို ရှင်းထုတ်ရမယ် *

ᴛʜᴇ ʟᴇɢᴇɴᴅꜱDonde viven las historias. Descúbrelo ahora